လာလီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo: Real Madrid Info
Photo: Real Madrid Info
Published 29 August 2024

ဂျီရိုနာ နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဂျီရိုနာရဲ့ အိမ်ကွင်းအဖွင့်ပွဲပါ။ ဒါကြောင့်လည်း အိုဆာဆူနာကို အကောင်းဆုံးဖိအားပေးနိုင်ဖို့ ကြိုးစားလိမ့်မယ်။ အဓိက ကစားအတော်များများ ထွက်သွားပေမဲ့ ဂျီရိုနာရဲ့ ပုံစံက သိပ်ပျက်သွားတာမျိုးတော့ မရှိဘူး။ ဂျီရိုနာနဲ့ ဂိုးအများကို ရွေးချယ်ချင်တယ်။

လက်စ်ပါမားစ် နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

ရီးယဲလ်မက်ဒရစ်မှာ ဘယ်လင်ဂမ် ကစားနိုင်ဦးမှာမဟုတ်ဘူး။ ဒါကြောင့် ကွင်းလယ်နဲ့ တိုက်စစ်အတွဲအဖက်ပုံစံသစ် နဲ့ အဝေးကွင်းမှာ ရီးယဲလ်ကစားရဦးမယ်။ လက်စ်ပါမားစ်ကလည်း အိမ်ကွင်းကစားပုံမဆိုးပါဘူး။ ဒါပေမဲ့ ဆီဗီလာနဲ့ အိမ် ကွင်းအဖွင့်ပွဲမှာတော့ ခံစစ်ပိုင်းမတည်ငြိမ်မှုကို တွေ့ရသေးလို့  ဘယ်လင်ဂမ် မပါနိုင်ပေမဲ့ အမ်ဘာပေ၊ ရိုဒရီဂို၊ ဗင်နီစီယပ်စ်တို့ ရှိနေတဲ့ ရီးယဲလ်တိုက်စစ်ကို တောင့်ခံဖို့ သိပ်မဖြစ်နိုင်ဘူး။ အစဉ်အလာပိုင်းကို ပြန်ကြည့်ရင်လည်း လက်စ်ပါမားစ်က ရီးယဲလ်ကိုယှဉ် နိုင်လေ့မရှိဘူး။ ရီးယဲလ်နဲ့ ဂိုးအများကို ကြိုက်တယ်။

Most Read

Most Recent