အကြမ်းဖက်ခံရမှုများကြောင့် သေဆုံး/ကိုယ်အင်္ဂါ အစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသားစုဝင် သား/သမီးများအား ကူညီစောင့်ရှောက်ပေးနိုင်သော ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး စီစဉ်နေ

အကြမ်းဖက်ခံရမှုများကြောင့် သေဆုံး/ကိုယ်အင်္ဂါ အစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသားစုဝင် သား/သမီးများအား ကူညီစောင့်ရှောက်ပေးနိုင်သော ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး စီစဉ်နေ
သြဂုတ် ၆ ရက်က အောင်မြေသာစံမြို့နယ်တွင်  ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်းင်း၏ညီမတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရစဉ်
သြဂုတ် ၆ ရက်က အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်းင်း၏ညီမတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရစဉ်
Published 28 August 2024

အကြမ်းဖက်ခံရမှုများကြောင့် သေဆုံး/ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့်ပြည် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသား စုဝင် သား/သမီးများအား ကူညီစောင့်ရှောက် ပေးနိုင်သောဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင် ရေး စီစဉ်နေကြောင်း သတင်းရရှိသည်။

အကြမ်းဖက်ခံရမှုများကြောင့် သေဆုံး/ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့်ပြည် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသား စုဝင် သား/သမီးများအား ကူညီစောင့်ရှောက် ပေးနိုင်သောဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင် ရေးဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအ မှတ် (၁၄၁/၂၀၂၄) ဖြင့် ထုတ်ပြန်ဖွဲ့စည်းခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးဆောင်ကော်မတီသည် ဥပ ဒေတွင်ပါဝင်ရမည့် ကဏ္ဍအလိုက်လိုအပ်သည့် မူဝါဒ၊ လမ်းညွှန်ချက်နှင့် အစီအမံများ ချမှတ်ပေးခြင်း၊ ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကော်မတီများ၊ အဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ဥပဒေရေးဆွဲပြ ဋ္ဌာန်းနိုင်ရေးအတွက် သင့်လျော်သည့်ကာလ သတ်မှတ်၍ သတ်မှတ်ကာလအတွင်း အချိန် မီရေးသားပြုစုနိုင်ရေး ကြီးကြပ်ဆောင်ရွက် ခြင်း၊ ဆက်စပ်လျက်ရှိသည့် လက်ရှိတည်ဆဲ ဥပဒေများကိုလေ့လာ၍ ချိတ်ဆက်ရေးဆွဲ နိုင်ရေး လမ်းညွှန်မှုပေးခြင်း၊ ဥပဒေရေးဆွဲပြု စုရေးလုပ်ငန်းကော်မတီက တင်ပြလာသည့် ဥပဒေ (မူကြမ်း) ကို စိစစ်ခြင်းနှင့် လိုအပ်ပါက ဖြည့်စွက်ပြင်ဆင်ခြင်း၊  ဖြည့်စွက်ပြင်ဆင်အ တည်ပြုပြီးသည့် နောက်ဆုံးမူကြမ်းထွက်ရှိပါ က ဥပဒေရေးဆွဲပြဋ္ဌာန်းရေးဆိုင်ရာ သတ် မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရေးနှင့် ပြည်ထောင်စု

အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည် ပြုချက်ရယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း တို့ကို လုပ်ငန်းတာဝန်အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်ခံရမှုများကြောင့် သေဆုံး/ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသည့်ပြည် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရစ်သူမိသား စုဝင် သား/သမီးများအား ကူညီစောင့်ရှောက် ပေးနိုင်သောဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင် ရေးဦးဆောင်ကော်မတီတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊  ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး  သက်ဆိုင်တာဝန်ရှိသူများကိုလည်း ထည့် သွင်းဖွဲ့စည်းထားကြောင်း အမိန့်ကြော်ငြာစာ အမှတ် (၁၄၁/၂၀၂၄) အရ သိရသည်။

Most Read

Most Recent