နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် Light Truck ယာဉ်နှစ်စီးအား Nissan Condo ယာဉ်မှ ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် Light Truck ယာဉ်နှစ်စီးအား Nissan Condo ယာဉ်မှ ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ
Published 16 July 2024

နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် Light Truck ယာဉ်နှစ်စီးအား Nissan Condo ယာဉ်မှ ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိမှု ဇူလိုင် ၁၆ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နံနက် ၅ နာရီခန့်တွင် နေပြည်တော် - ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၁)နှင့် (၇၈/၂)ကြားတွင် ရပ်တန့်ထားသော (Light Truck) အမျိုးအစား ယာဉ်နှစ်စီးအား Nissan Condo အမျိုးအစား ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ယာဉ်တိုက်မှုကြောင့် ရပ်တန့်ထားသော (Light Truck) အမျိုးအစားယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရှိသူများအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း၊ Nissan Condo အမျိုးအစားယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသူများအား ၁၉၂ သူနာတင်ယာဉ်နှင့် မြို့ချောင်းလူမှုကူညီရေးသူနာတင်ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent