မြဝတီမြို့ ငွေစျေးအတက်နဲ့ ကုန်သွယ်မှုအခက်အခဲများကြားမှ ပြည်သူတွေရဲ့သောက

မြဝတီမြို့ ငွေစျေးအတက်နဲ့ ကုန်သွယ်မှုအခက်အခဲများကြားမှ ပြည်သူတွေရဲ့သောက
Published 25 August 2024
မြတ်သူကျော်

မိုးရာသီရဲ့ ရင်တွင်းကလီစာတွေကို အန်ထုတ်နေသလားထင်ရရဲ့။ သဲသဲမဲမဲရွာချ နေတဲ့ မိုးသားအောက်မှာဒေါနတောင်ကျော် ခရီးလမ်းက ခက်ခဲနေပါတယ်။ ကုန်သွယ်မှု ခက်ခဲတယ်။ ခရီးလမ်းကြမ်းတမ်းတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုက အိမ်ရှင်မတွေရဲ့ သောကကို ပင်လယ်ဝေစေပါတယ်။

ဆန်ကုန်သွားတဲ့ ဆန်ပုံးကိုပြန်ဖြည့်ဖို့ ရင်လေးနေမိတယ်။ ပေါ်ဆန်းမွှေးအုပ်စု (ဆန်ပျော့) တစ်အိတ်ကို နှစ်သိန်းကျော်၊ ကမာကြည်နဲ့ မျိုးတူရာ (ဆန်မာ) တွေကတစ် အိတ်ကို တစ်သိန်းကျော်ဖြစ်နေပြီ။ တစ်လ ကျပ်နှစ်သိန်းကျော်၊ သုံးသိန်းသာဝင်ငွေရှိတဲ့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေအတွက် အခက်ခဲဆုံးကာလလို့ ဆိုရမှာဖြစ်ပါတယ်။

“ဆန်စျေးတက်တာလည်းမပြောနဲ့ အစ် ကိုရယ်။ မော်လမြိုင်ကနေ ဆန်တင်လာတာ ကားခက တစ်အိတ်လေးသောင်းပေးရတယ်။ ဒီထဲ တောင်ပေါ်လမ်းမှာ မထင်ရင်မထင်သ လို ဆွဲချခံရတာတွေရှိတယ်” လို့ ဆန်ရောင်း ဝယ်သူတစ်ယောက်ကေ ပြာပါတယ်။

လမ်းခရီးမှာ အတားအဆီးတွေနဲ့ လမ်း ပျက်လို့ ကားသွားလာမရတာတွေကြောင့် လည်း မြဝတီမှာဆန်ပြတ်လတ်တာတွေ ဖြစ် ခဲ့ဖူးပါတယ်။

“ဆန်ရှိပေမဲ့ ထမင်းတစ်ခုတည်းစားလို့မှ မရတာ။ ငါးသန်သေးနုတ် ရေလုံပြုတ်၊ ဟင်းရံ ချဉ်ပေါင်နဲ့ စားရဖို့လည်း မနက်မနက်စျေး ကိုပြေးရပါတယ်။ ဟိုသီချင်းထဲကလို ဝက် သား၊ ကြက်သားကတော့ ပါးစပ်ပိတ်ထားရပါ ရဲ့” လို့ ဘုရင့်နောင်စျေးမှာ စျေးလာဝယ်တဲ့ အိမ်ရှင်မတစ်ယောက်က ပြောပါတယ်။

သားငါးပုစွန်တွေ၊ ဟင်းသီးဟင်းရွက် တွေ ပြည်တွင်းကမလာသလိုမြဝတီကလည်း အထွက်နည်းတော့ အသီးတွေ၊ အရွက်တွေ သားငါးပုစွန်တွေကအစ ထိုင်းဘက်က ဘတ် နဲ့ ဝယ်ရောင်းရတာ။ ဘတ်စျေးတက်သ လောက် မိုးပျံပူဖောင်းစီးပြီး တက်သွားတဲ့ စျေးနှုန်းတွေအောက်မှာ အလူးအလဲခံကြရ တာပေါ့။

ငရုတ်သီးအစိမ်းတောင် ၂၀၀ ဖိုးဝယ်မရ တော့ဘူး ၅၀၀ ဖိုးမှ။ အနီရင့်ရောင်ငရုတ်သီး အမှည့်တွေဆိုရင် ၁၀၀၀ ဖိုးပဲအနည်းဆုံး ရောင်းတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီးတွေ အရင်က ကော့ကရိတ်ဘက်ကတက်လာပေမဲ့ ခုတော့ ဒီလမ်း၊ ဒီမိုးကြောင့်ဘယ်လိုမှရောက် မလာဘူး။ ခုတော့ တစ်ကီလို (၆၃ ကျပ်သား) ကို ၅၀၀၀-၆ဝဝဝကျပ် ။ ကီလိုနဲ့ချိန်ပြီးပိဿာ နဲ့တွက်ရောင်းတာကလည်း စျေးသည်တွေရဲ့ လှည့်စားမှုကိုအိမ်ရှင်မတွေက ခံနေရတယ်လို့ ဆိုပါတယ်။ ၅၀ ကျပ်သားလို့ ကီလိုနဲ့ ချိန် ရောင်းလိုက်တာကို တခြားမှာ ပြန်ချိန်ကြည့် တော့ ၄၀ ကျပ်သားတောင်မပြည့်ဘူးလို့ စျေး ဝယ်တစ်ယောက်က ပြောပါတယ်။

ထိုင်းဘက်ကဝင်လာတဲ့ စားသောက် ကုန်တွေထဲမှာ စားသုံးဆီက မျက်နှာကြော အမာဆုံး၊ ယခင်က ကျပ် ၃၅ဝဝပေးရတဲ့ တစ် လီလာ ပုစွန်နှစ်ကောင်ဆီဘူးတွေက ကျပ် ၈၅၀၀-၉၀၀၀ ဖြစ်လို့နေပါပြီ။ သုံးလီတာ၊ ငါးလီတာ၊ လီတာ၂၀ အရွယ်အစားအလိုက် စျေးနှစ်ဆကျော်မြင့်တက်နေတာ၊ မီးဖိုချောင် သုံးဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အချိုမှုန့် စတာတွေ စျေးမြင့်တက်လာချိန်မှာ ဝင်ငွေ မတိုးလာတဲ့မိသားစုတွေ၊ အခြေခံလုပ်သား တွေဟာ ခါးလှဖို့ကို မဆိုထားနဲ့ ဝမ်းဝဖို့အရေး ရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။

          ထမင်းကို ပေါင်းအိုးနဲ့ချက်ဖို့၊ ဟင်းတွေ ချက်ဖို့ရယ်က လျှပ်စစ်မီးမရှိတဲ့ မြဝတီမြို့မှာ မီးသွေးစျေးကလည်း ယခင်ထက် တစ်ဆ ကျော်မြင့်တက်နေပါတယ်။ ဖုန်းအားသွင်းဖို့၊ ပါ၀ါဘန့်တွေ အားသွင်းဖို့အတွက် ထိုင်းမီး ရှိတဲ့ မြို့နယ်လျှပ်စစ်မီးရှိတဲ့ စုရပ်လေးမှာ စုစုရုံးရုံးနဲ့ အားသွင်းနေကြရဲ့။

          သောင်ရင်းမြစ်နဲ့ နယ်စပ်ခြံစည်းရိုးကာ ရံထားတဲ့မြဝတီမြို့လေးဟာ လျှပ်စစ်မီးပြတ် တောက်မှုဒဏ်ကို တတိယအကြိမ်အဖြစ် အ မှောင်ထဲမှာ နေသားကျအောင်ကြိုးစားရင်း သောကပင်လယ်ထဲ လက်ပစ်ကူးခတ်နေရ တာဖြစ်ပါတယ်။

          ၂၀၂၄ ခုနှစ် နှစ်စက သင်္ဃန်းညီနောင် ပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ၊ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေဟာ ဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်မလွှတ်နိုင်တော့ ဘဲ ပြတ်တောက်ခဲ့ရတာ ယနေ့ထိပါပဲ။

          မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ အနီးက ဒေါနတောင်ခြေမှာတည်ရှိတဲ့ ဓာတ် အားခွဲရုံက လျှပ်စစ်ဓာတ်အားတွေမလွှတ်နိုင် တော့တဲ့အတွက် ကော့ကရိတ်မြို့နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွေကိုပါ အမှောင်လွှမ်း စေခဲ့ပါတယ်။

          မြဝတီမြို့ရဲ့ အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ အမှောင်ထဲမှာနေ သားကျအောင် ကြိုးစားရင်း ခုဆိုရင် ခြောက် လကျော်နေပြီလို့ဆိုပါတယ်။

          ခု လျှပ်စစ်မီးပြတ်တောက်တာက တတိ ယအကြိမ်ပါ။ အရင် နှစ်ကြိမ်ခံစားဖူးခဲ့ပါပြီ။ ခုတော့အမှောင်ထဲမှာ နေသားကျအောင်နေ ရပေမဲ့ ဖုန်းအားသွင်းဖို့၊ ပါ၀ါဘန့်အားသွင်းဖို့ ဆိုလာ၊ ဘက်ထရီကို အားထားနေရပါတယ်။ လက်လုပ်လက်စား အများစုကတော့ အား သွင်းစုရပ်တွေမှာ သွားသွင်းနေရပါတယ်။

 

           အခြေခံလူတန်းစားတွေနဲ့ လျှပ်စစ် ဓာတ်အားအသုံးပြုနေရတဲ့ လုပ်ငန်းတွေအ ခက်အခဲကြုံနေရဆဲဖြစ်ပါတယ်လို့ ဒေသခံ တစ်ဦးကပြောဆိုတယ်။

          မြဝတီမြို့မှာ ယခင်က ထိုင်းလျှပ်စစ်မီး သာအသုံးပြုခဲ့ကြပေမဲ့ ခုတော့မြန်မာလျှပ်စစ် မီးနဲ့ အမှောင်ထဲမှာ ပျော်ပျော်ပါးပါးပေါ့။

          သြဂုတ်လ ၁၃ ရက်နေ့က ကျပ်တစ်သိန်း ပေးမှ ဘတ် ၅၀၀ ရတဲ့အထိ ထိုင်းဘတ်ငွေစျေးစံချိန်တင်မြင့်တက်ခဲ့ရာကနေ သြဂုတ်လ ၁၆ ရက်နေ့မှာ ၆၈၀ ဘတ်အထိ စျေးကျသွား ရာကနေ သြဂုတ်၂၂ ရက်နေ့မှာတော့ ဘတ် ၆၁၀ ကို ကျပ်တစ်သိန်း (တစ်ဘတ်=၁၆၄ ကျပ်) လို့ စျေးကွက်အတွင်းမှ သိရပါတယ်။

          နယ်စပ်မြဝတီမြို့ရဲ့  ငွေကြေးစျေးကွက် ရပ်ဝန်းမှာ ထိုင်းဘတ်ငွေစျေးလျော့ကျပြီး မြန်မာကျပ်ငွေစျေး မြင့်တက်လာပေမဲ့ ထိုင်း ကုန်ပစ္စည်းရောင်းချသူအချို့ဟာ စျေးနှုန်းမ လျှော့ဘဲ တက်စျေးနဲ့သာရောင်းချနေကြတဲ့ အတွက် စျေးဝယ်သူတွေများစွာနစ်နာနေတာ ပါ။

          “ဘတ်စျေးတွေ တက်လာတော့ ကုန် စျေးနှုန်းတွေ တအားတက်တာ။ လူသုံးကုန်၊ စားသုံးကုန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်က အစ ထိုင်းဘက်ကလာတာလေ။ ဘတ်စျေး ကျပေမဲ့ ကုန်စျေးနှုန်းကတော့မကျဘူး။ ကုန် စျေးနှုန်းများကျလာမလားမျှော်မိတယ်။ ခု ဘတ်စျေးပြန်တက်လာပြန်ပြီ။ စားသုံးသူတွေ အရမ်းနစ်နာပါတယ်” လို့ စျေးဝယ်တစ်ဦးက ဆိုပါတယ်။

          မြန်မာကျပ်ငွေစျေးကျတော့ စက်သုံးဆီ ကျပ် ၅၀၀၀၀ ဖိုးအထက်ဝယ်ယူသူများကို ဘတ်ငွေနဲ့သာ ငွေပေးချေစေခဲ့ပေမဲ့ ဘတ် စျေးကျလာတော့ ဘတ်ငွေလက်မခံဘဲ ယခင် အတိုင်း မြန်မာကျပ်ငွေသာ လက်ခံနေကြပြီ ဆိုပဲ။

          မြဝတီနယ်စပ်မြို့ရဲ့ စျေးကွက်ရပ်ဝန်းမှာ ထိုင်းဘတ်ငွေစျေးကြောင့် ထိုင်းကုန်ပစ္စည်း တွေစျေးမြင့်တက်နေသလို ဒေါနတောင် ကျော်လမ်းခရီး အခက်အခဲကြောင့်လည်း ပြည်တွင်းထွက်ကုန်အခြေခံအစားအစာ ဆန် နဲ့လယ်ယာထွက် စားသောက်ကုန်တွေဟာ စျေးနှုန်းလျော့ကျလာခြင်းမရှိဘဲ စျေးမြင့် တက်နေဆဲဖြစ်ပါတော့တယ်။

          ကုန်ပစ္စည်းတွေ စျေးသက်သက်သာသာ နဲ့ ပြည်သူတွေစားသုံးရဖို့ ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့လိုနေပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ ဒေါနတောင်ကျော်လမ်းခရီးတွေကြောင့်၊ ဂိတ်ကြေးတွေများပြီး သယ်ယူစရိတ်မြင့်မား တာရယ်ကြောင့် စျေးမြင့်တက်နေတာတွေ၊ ခရီးသွားတွေ လမ်းခရီးဖြောင့်ဖြူးဖို့အတွက် ကိုးလခန့် ယာဉ်အသွားအလာပြတ်တောက် ရပ်ဆိုင်းနေတဲ့ ဒေါနတောင်ကျော်အရှလမ်း သစ်က ပြန်လည်သွားလာခွင့် ရရှိရေးကို ဒေသခံအများက တောင့်တမျှော်လင့်ရင်း ဖြင့်...။

Most Read

Most Recent