ထိုင်းနိုင်ငံ  ဖူးခက် တွင် မြေပြိုမှုကြောင့် မြန်မာလုပ်သား အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး နေအိမ် ၅၀ ဝန်းကျင် ပျက်စီး

ထိုင်းနိုင်ငံ  ဖူးခက် တွင် မြေပြိုမှုကြောင့် မြန်မာလုပ်သား အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး နေအိမ် ၅၀ ဝန်းကျင် ပျက်စီး
Published 24 August 2024
Ref.bangkok post

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခတ် ပြည်နယ်တွင် ဩဂုတ် ၂၃ ရက် က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်  မြေပြိုကျမှုဖြစ်ပွားခဲ့ကာ မြန်မာလုပ်သားများအပါအဝင် သေဆုံးသူ ၁၀ ဦးရှိပြီး နေအိမ် ၅၀ ခန့်ပျက်စီးသွားကြောင်း ထိုင်းနိုင်ငံ သတင်းများအရ သိရသည်။

ဖူးခက်ပြည်နယ်တွင်ဩဂုတ်၂၃ရက်နေ့နံနက် ၁နာရီခန့်က မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ခြင်း၊မြေပြိုခြင်းတို့ကြောင့် Chalong နှင့် Karon တို့တွင် ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ကာ နေအိမ် ၂၅၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သလို Karon မှ Soi Patak ၂ နယ် မြေတွင် မြေပြိုမှု အကြီးမားဆုံး ဖြစ်ပွားခဲ့ပြီး နေအိမ် ရာနှင့်ချီ၍ ပျက်စီးခဲ့သည်ဟုဆိုသည်။

မြေပြိုမှုကြောင့် မြန်မာလုပ်သား ၆ဦး၊ ရုရှား စုံတွဲ ၂ ယောက် ၊ ထိုင်း လူမျိုး ၂ ယောက်သေဆုံးသွားသည့်အ ပေါ်မှာ သဘာဝဘေးဖြစ်သည်နှင့်အညီထိုင်းအာဏာပိုင်းဘက်မှ နိုင်ငံတော်အဆင့်တာဝန်ယူမှုကို ကြေညာပေးသင့်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးကပြောသည်။

""ဖြစ်တာတော့ဖြစ်ပြီးသွားပြီ၊အဲထဲမှာ မြန်မာနိုင်ငံသား၆ဦး၊ ရုရှားနိုင်ငံသား၂ဦး၊မိခင်ထိုင်းနိုင်ငံသား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်၊မြေပြိုမှုဆိုတာ သဘာဝဘေးပဲ၊ ဖြစ်ပြီးသွားတဲ့အကြောင်းအရာပေါ်မှာ နိုင်ငံတော်အဆင့် သဘာဝဘေးဒုက္ခစီမံခန့်ခွဲရေးကော်မတီကဖြစ်စေ၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ၊အာမဘေန္ဒပါတဲ့စကားမျိုးကို သတင်းဌာနကဖြစ်စေ၊ကြေညာချက် တစ်စုံတစ်ရာနဲ့ ဖြစ်စေ ထုတ်ပြန်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဘဝက ခုလိုအသက်ဆုံးရှုံးသွားတဲ့ အလောင်းစားကြီးတဲ့ဖြစ်ရပ်မျိုးမှာ ရသင့်ရထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်ပေးရမှာက သက်ဆိုင်ရာတာဝန်ကြီးကြီးယူထားသူရဲ့အပိုင်းဖြစ်ပါတယ်လို့ မေတ္တာရပ်ခံသတိပေးချင်ပါတယ်""ဟု ဦးမိုးကြိုးကပြောသည်။

လူသေဆုံးမှုအပြင် လူနေအိမ် ၅၀ ဝန်းကျင် ပျက်စီးသည့်အတွက် ဒဏ်ရာရရှိသူ ဆယ်ဦး အထက်ရှိကြောင်းလည်းသိရသည်။

ဖူးခက် ပြည်နယ် အုပ်ချုပ်ရေး ဌာနရဲ့ အကြီးအကဲ ရုံးအနီးတွင် ကယ်ဆယ် စောင့်ရှောက်ရေး စင်တာကို ဖွင့်လှစ်ထားပြီး လူ ၂၀ ကျော်ကိုစောင့်ရှောက်ထားရေကြာင်းထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။

 

 

Most Read

Most Recent