■ ဆော်ဒီမှကမ်းလှမ်းမှုကို ငြင်းပယ်၍ ရိုးမားတွင် ဆက်နေရန် ဒီဘားလား ဆုံးဖြတ်     

■ ဆော်ဒီမှကမ်းလှမ်းမှုကို ငြင်းပယ်၍ ရိုးမားတွင် ဆက်နေရန် ဒီဘားလား ဆုံးဖြတ်     
Photo: Getty Images
Photo: Getty Images
Published 23 August 2024

ရိုးမားအသင်း၏ အာဂျင်တီးနားတိုုက်စစ် ကစားသမား ဒီဘားလားသည် ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်း၏ တန်ဖိုးကြီးမား သည့် ကမ်းလှမ်းမှုကို ငြင်းပယ်၍ ရိုးမားအသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    

ဒီဘားလား(၃၀ နှစ်)သည် လာမည့်နွေရာသီတွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးခြင်းမရှိ သေးသည့်အတွက် ဆော်ဒီကလပ်အသင်းများ က ၎င်းင်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။ 

ယူရို(၁၂)သန်းဖြင့် ထွက်ခွာခွင့်ရမည့် ၎င်း၏ လျော်ကြေးစာချုပ်မှာ ဇူလိုင်(၃၁)ရက်နောက်ပိုုင်းတွင် အကျုံးဝင်ခြင်းမရှိတော့သော်လည်း အယ်လ်ကတ်ဆီယာအသင်းက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ ကမ်းလှမ်းခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏကို အီတလီမီဒီယာများက ဖော်ပြခြင်းမရှိခဲ့သော်လည်း ဒီဘားလားကိုမူ (၃)နှစ်စာချုပ်အတွက် လစာ ယူရို(၇၅)သန်းပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

    

သို့ရာတွင် ဒီဘားလားကရော ရိုးမားအသင်းကပါ အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒီဘားလားသည် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ Instagram မှတစ်ဆင့် ပရိသတ်များကို အသိပေးရာ၌ "ကျေးဇူးပါ ရိုးမား။ မင်းနဲ့ တနင်္ဂနွေနေ့မှာ တွေ့ကြမယ်"ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ဒီဘားလားသည် ရိုးမားအတွက် (၇၈)ပွဲ ကစားထားသည်။

Most Read

Most Recent