ဒေါ့မွန်အသင်းနှင့် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီ၏ စပွန်ဆာစာချုပ်ကို ပရိသတ်များ ဆန္ဒပြမည်

ဒေါ့မွန်အသင်းနှင့် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီ၏ စပွန်ဆာစာချုပ်ကို ပရိသတ်များ ဆန္ဒပြမည်
Photo: dw
Photo: dw
Published 22 August 2024

ဒေါ့မွန်အသင်း ပရိသတ်များသည် ဂျာမနီအခြေစိုက် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုထားခြင်းအတွက် ဆန္ဒပြရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒေါ့မွန်အသင်းက ဒက်ဆယ်ဒေါ့ဖ်မြို့ အခြေစိုက် Rheinmetall လက်နက်ကုမ္ပဏီနှင့် သုံးနှစ်စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ သုံးရက်အလို မေ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၄-၂၀၂၅ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ယခုတစ်ပတ် စတင်ကျင်းပမည်ဖြစ်ရာ ဒေါ့မွန်အသင်း ပရိသတ်အဖွဲ့ ၉၀ ကျော်က ယင်းစာချုပ်ကို လက်မခံကြောင်း ဆန္ဒပြရန် စီစဉ်ထားခြင်းဖြစ်သည်။

''ကိုယ့်ရထားကို ကိုယ်တိုင်ဝင်တိုက်ဖို့ ခွင့်မပြုနိုင်ပါဘူး။ လက်နက်ကုမ္ပဏီတစ်ခုရဲ့ ပုံရိပ်မြှင့်တင်ရေးလုပ်ငန်းစဉ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ လွှင့်ပစ်ပြီး ဒီသဘောတူညီမှုကို လက်ခံခဲ့တဲ့ စီမံခန့်ခွဲမှုအယူအဆကို ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ်'' ဟု ပရိသတ်အဖွဲ့ ၉၀ ကျော်ကိုယ်စား Sudtribune Dortmund အားပေးသူများအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Rheinmetall ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး အမြောက်ကျည်ဆန်ထုတ်လုပ်သူဖြစ်ပြီး ယခုနှစ်တွင် စံချိန်တင်ရောင်းချရမှုအဖြစ် ယူရို ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ဒေါ့မွန်အသင်းအနေဖြင့် သုံးနှစ်စာချုပ်အရ Rheinmetall ကုမ္ပဏီထံမှ ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း၊ ဒေါ်လာ ၂၁ သန်း) ကျော် ရရှိမည်ဖြစ်သည်။

ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် ဖရန့်ဖတ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent