ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားမည့် အာဂျင်တီးနားအသင်းလူစာရင်းတွင် ကိုပါအမေရိကချန်ပီယံအသင်းမှ မက်ဆီအပါအဝင် ကစားသမား(၆)ဦး မပါဝင်

ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားမည့် အာဂျင်တီးနားအသင်းလူစာရင်းတွင် ကိုပါအမေရိကချန်ပီယံအသင်းမှ မက်ဆီအပါအဝင် ကစားသမား(၆)ဦး မပါဝင်
Photo: X
Photo: X
Published 22 August 2024

လာမည့်စက်တင်ဘာလတွင် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ကစားသမား(၂၈)ဦးပါ အာဂျင်တီးနားအသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ပြီး  ကိုပါအမေရိကချန်ပီယံအသင်းမှ ကစားသမား (၂၀)ဦးအထိ ပြန်လည်ရွေးချယ်ခံရကာ (၆)ဦး မပါဝင်လာခဲ့ကြောင်း သိရသည်။

ယင်း(၆)ဦးတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီမှာ ကိုပါအမေရိကဗိုလ်လုပွဲတွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး နိုင်ငံတကာရက်သတ္တပတ်အမီ ကြံ့ခိုင်မှုပြည့်ဝနိုင်သော်လည်း ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ကျန်ကစားသမား(၅)ဦးအနက် ဒီမာရီယာမှာ လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားခဲ့ပြီး အာမာနီ၊ လူးကပ်စ်မာတီနက်ဇ်၊ အကူညာနှင့် ပလာစီယို့စ်တို့မှာမူ ရွေးချယ်ခြင်းမခံရကြောင်း သိရသည်။

အာဂျင်တီးနားအသင်းသည် စက်တင်ဘာလ(၅)ရက်တွင် ချီလီ၊ စက်တင်ဘာလ(၁၀)ရက်တွင် ကိုလံဘီယာနှင့် ကစားမည်ဖြစ်သည်။

■  အာဂျင်တီးနားအသင်းလူစာရင်း

ဂိုးသမား - L.မာတီနက်ဇ်(ဗီလာ)၊ မူဆို (အတ္တလန်တာ)၊ ရူလီ(မာဆေးလ်)၊ ဘင်နီတက်ဇ်(PSV)၊ နောက်တန်း - မွန်တီယဲလ်(ဆီဗီလာ)၊ မိုလီနာ(အက်သလက်တီကို)၊ ရိုမဲရိုး (စပါး)၊ ပက်ဇယ်လာ(ရေးဗားပလိတ်)၊ ဘာလယ်ဒီ(မာဆေးလ်)၊ အော်တာမန်ဒီ(ဘင်ဖီကာ)၊ Li.မာတီနက်ဇ်(မန်ယူ)၊ တာလီယာဖီကို (လိုင်ယွန်)၊ ဘာကို(ဘရိုက်တန်)၊ အလယ်တန်း - ပါရေဒက်စ်(ရိုးမား)၊ ဂီဒိုရိုဒရီဂွက်ဇ် (ဘက်တစ်)၊ အယ်လစ္စတာ(လီဗာပူးလ်)၊ အန်ဇိုဖာနန်ဒက်ဇ်(ချယ်လ်ဆီး)၊ ဆယ်လ်ဆို(စပါး)၊ E. ဖာနန်ဒက်ဇ်(အယ်လ်ကာဒီဆီယာ)၊ ဒီပေါလ် (အက်သလက်တီကို)၊ N. ဂွန်ဇာလက်ဇ်(ဖီအိုရင်တီးနား)၊ ရှေ့တန်း - ဂါနာချို(မန်ယူ)၊ ဆူလေ(ရိုးမား)၊ G. ဆီမြွန်နီ၊ အယ်လ်ဗာရက်ဇ် (အက်သလက်တီကို)၊ ကာဘိုနီ(မာဆေးလ်)၊ La. မာတီနက်ဇ်(အင်တာမီလန်)၊ ကက်စတယ်လာနို့စ်(လာဇီယို)

Most Read

Most Recent