မိုးရွာသွန်းမှုများပြီး ရေကြီးခြင်းကြောင့် နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧရိယာများမှ ဧကတစ်သန်းခန့် ရေဖုံးလွှမ်းခဲ့

မိုးရွာသွန်းမှုများပြီး ရေကြီးခြင်းကြောင့် နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧရိယာများမှ ဧကတစ်သန်းခန့် ရေဖုံးလွှမ်းခဲ့
Published 17 August 2024

မိုးရွာသွန်းမှုများပြီး ရေကြီးခြင်းကြောင့် နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧရိယာများမှ ဧကတစ်သန်းခန့် ရေဖုံးလွှမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာမှ သိရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုများခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိသည့် မိုးစပါးစိုက်ပျိုး ဧရိယာများမှ ဧကကိုးသိန်းကျော်၊ တစ်သန်းနီးပါးလောက် ရေလွှမ်းသောဒဏ်ကိုခံခဲ့ရရာ အချို့နေရာတွင် ပျိုးခင်းများ ရေမြုပ်သည့်အခါ ပြန်စိုက်ရခြင်းနှင့် ပျက်စီးသွားခြင်းမျိုးများလည်းရှိ၍ အစိုးရဘက်ကလည်း ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပြီး ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် လယ်မြေများအား တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၈ ရက်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ခရိုင်။မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြုပ်လယ်မြေများတွင် တစ်ကွက်ပေါ်တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧကနှင့် ပျက်စီးဧကများ စနစ်တကျပြုစု၍ တစ်ကွက်ပေါ်တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး ချက်ချင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးစပါးထိခိုက်ဧကများကို ပြန်လည်ဖာထေးစိုက်ပျိုးရာတွင် သက်တမ်းတူ၊ မျိုးတူစိုက်ခင်းများမှ သားတက်ပွားများ ရယူစိုက်ပျိုးရမည်ဖြစ်ပြီး ပျက်စီးဧကများအတွက် ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးရမည်ဖြစ်ကာ မြိ်ု့နယ်အလိုက် မျိုးစပါးလိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရေမြုပ်ခဲ့သည့် စာသင်ကျောင်းများကို တစ်ကျောင်းပေါ် တစ်ကျောင်းဖွင့်နိုင်ရေးနှင့် ကျောင်းပိတ်ရက်အစားထိုးသင်ကြားနိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent