ကိုမိုအသင်း၏ နာမည်ကျော် နောက်ခံကစားသမား ဗာရန်း ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်

ကိုမိုအသင်း၏ နာမည်ကျော် နောက်ခံကစားသမား ဗာရန်း ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 17 August 2024

 

စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်း၏ နာမည်ကျော် ပြင်သစ် နောက်ခံကစားသမား ဗာရန်းသည် ဒူးဒဏ်ရာကြောင့် တစ်လခန့်အနား ယူရမည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ ဗာရန်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့သူ ဖြစ်သည်။ 

ဗာရန်းသည် ဆော်ဒီကလပ် များ၏ လစာငွေမြောက်မြားစွာဖြင့် ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချ ကာ စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေသည့် ကိုမိုအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ဗာရန်းသည် သြဂုတ် (၁၂)ရက်က ကစားခဲ့သည့် ကိုပါအီတာလီယာဖလားပထမအဆင့်ပွဲစဉ် ဆမ်ဒိုးရီးယား-ကိုမိုပွဲ၌ ပါဝင်ကစားခဲ့ပြီး ပွဲချိန် (၂၃)မိနစ်တွင် ဒူးဒဏ်ရာရရှိခြင်းဖြစ်သည်။ 

ဗာရန်း သည် ယင်းဒဏ်ရာကြောင့် တစ်လခန့် နားရမည်ဖြစ်ပြီး စီးရီးအေရာသီအစ (၃)ပွဲကို လွဲချော်မည်ဖြစ်သည်။ ကိုမိုအသင်းသည် အဆိုပါပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ကိုမိုအသင်းသည် တနင်္လာနေ့တွင် စီးရီးအေပွဲစဉ် ၁ ကို အဝေးကွင်း၌ ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

Most Read

Most Recent