ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် ညအိပ်တန်းစီသည့် မော်တော်ယာဉ်များ ယခင်ထက် များလာပြီး ဆီဝယ်မရသဖြင့် ကုမ္ပဏီပိုင် မော်တော်ယာဉ်များ၊ ကိုယ်ပိုင်ကျောင်းများ ဖယ်ရီမပြေးဆွဲနိုင်ဘဲ အခက်အခဲများဖြစ်နေ

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် ညအိပ်တန်းစီသည့် မော်တော်ယာဉ်များ ယခင်ထက် များလာပြီး ဆီဝယ်မရသဖြင့် ကုမ္ပဏီပိုင် မော်တော်ယာဉ်များ၊ ကိုယ်ပိုင်ကျောင်းများ ဖယ်ရီမပြေးဆွဲနိုင်ဘဲ အခက်အခဲများဖြစ်နေ
Published 15 August 2024

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီ ဝယ်ယူရန် ညအိပ်တန်းစီသည့် မော်တော် ယာဉ်များ ယခင်ထက်များလာပြီး ဆီဝယ်မရ သဖြင့် ကုမ္ပဏီပိုင်မော်တော်ယာဉ်များ၊ ကိုယ် ပိုင်ကျောင်းများ ဖယ်ရီမပြေးဆွဲနိုင်ဘဲ အ ခက်အခဲများဖြစ်နေကြောင်း မော်တော်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရသည့် အခြေအနေမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်တွင် တန်းစီသည့်မော်တော် ယာဉ်များ ပိုမိုများပြားလာခဲ့သည်ဟု သိရ သည်။

“ကုမ္ပဏီက ကားတွေဆိုရင် မနက်ဖယ် ရီကြိုပြီးတာနဲ့ ယာဉ်မောင်းတွေက ဆီဝယ်ဖို့ တန်းစီနေရတယ်။ ကျန်တဲ့လမ်းကြောင်းကို ရှိတဲ့ကားနဲ့ ခွဲလွှတ်ရတယ်။ ဆီတန်းစီတဲ့သူက လည်း တနေကုန်လောက်ကို တန်းစီနေရ တာ။ သူ့ကိုကျန်တဲ့ လမ်းကြောင်းချလို့မရဘူး”  ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီ သည့်မော်တော်ယာဉ်များ ပိုများလာသည်ကို တွေ့ရပြီး ဆီဆိုင်အချို့မှာ ရောင်းချနိုင်ခြင်း မရှိကြောင်း သိရသည်။

“ကားတွေက ဘယ်မှမသွားတော့ဘူး။ သွားလို့လည်း မရတော့ဘူး။ သွားရင်လည်း ဆီမရဖို့က ကျိန်းသေတော့ ဆိုင်မှာပဲတန်းစီ နေရတယ်။ ထမင်းတောင် ကားပေါ်မှာပဲစား နေရတယ်လေ။ ကြည့်ပါလား” ဟု မော်တော် ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြား သည်။

အလားတူ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ချို့တွင်လည်း ကျောင်းသူကျောင်းသားများ ကို ကြိုပို့သည့်မော်တော်ယာဉ်များ စက်သုံး ဆီဝယ်မရသဖြင့် မိမိအစီအစဉ်ဖြင့်သာလာ ရောက်ပို့ဆောင်ကြရန် မှာကြားလျက်ရှိသည် ဟု ကျောင်းသားမိဘအချို့၏ ပြောကြားချက် အရသိရသည်။

“ကျောင်းကားမလာနိုင်လို့ ကျောင်းကို လာပို့ပါလို့ ပြောတယ်။ ကျွန်တော်တို့က ကျောင်းနဲ့နီးလို့ သွားပို့လို့ရပေမယ့် တခြားသူ တွေအတွက်ကတော့ အခက်အခဲရှိတာပေါ့။ လူခွဲမရှိတဲ့ မိဘတွေဆို ကျောင်းသွားပို့ဖို့အ ဆင်မပြေတော့ဘူးပေါ့” ဟု မြောက်ဒဂုံမြို့ နယ်တွင် နေထိုင်သည့် ကျောင်းသားမိဘတစ် ဦးက ပြောကြားသည်။

လက်ရှိတွင် ဆီဆိုင်အများစုမှာ မော် တော်ယာဉ်တစ်စီးလျှင် အများဆုံး ကျပ်ငါး သောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရ သည်။

“ တစ်ဆိုင်နဲ့ တစ်ဆိုင်တော့မတူဘူး။ ဆိုင် တချို့က ငါးသောင်းဖိုးပေးတယ်။ တချို့က သုံးသောင်းဖိုးပေးတယ်။ သုံးသောင်းဖိုး လောက်ပဲရတဲ့ဆိုင်က များပါတယ်” ဟု မော် တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြား သည်။

ထို့ပြင် စက်သုံးဆီတန်းစီနေသည့် မော် တော်ယာဉ်အချို့ အငြင်းပွားပြီး စကားများ ရန်ဖြစ်မှုများလည်းရှိနေသည်ဟု သိရသည်။

    ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆင် ခြေဖုံးမြို့နယ်များတွင် ပြေးဆွဲလျက်ရှိသည့် ဘေးတွဲဆိုင်ကယ်များကိုလည်း တစ်စီးလျှင် စက်သုံးဆီ ကျပ်ငါးထောင်ဖိုးသာ ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။

    လက်ရှိတွင် စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီး ဆီဝယ်ယူရခြင်း၊ ဆီဆိုင်အများစုတွင် စက် သုံးဆီအချို့ ရောင်းချစရာမရှိခြင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

    သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက် သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများ ဖြစ် ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီ တင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အ တွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန် အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်း ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက် လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အ ခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့ လာသူအများစုသည် မြို့ကြီးများသို့ ရောက် ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက် လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent