ပရီးမီးယားလိဂ်ချန်ပီယံဆု မန်ယူ မျှော်လင့်ခွင့်ရှိမလား

ပရီးမီးယားလိဂ်ချန်ပီယံဆု မန်ယူ မျှော်လင့်ခွင့်ရှိမလား
Photo : Getty Images
Photo : Getty Images
Published 15 August 2024
AK

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ယူအိပ်မက်မက်ခွင့်မရတာကြာပြီ။ တစ်ချိန်တုန်းကမန်ယူရဲ့ ခမ်းနားအောင်ပွဲတွေကို မြို့ခံပြိုင်ဘက်မန်စီးတီးက လွှဲပြောင်းရယူခဲ့ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ နှစ်ရာသီဆက် မန်စီးတီးရဲ့အကောင်းဆုံးပြိုင်ဘက်အဖြစ် ချန်ပီယံဆုနဲ့နီးစပ်ခဲ့ပေမယ့် မန်ယူက ပြန်မလာနိုင်သေးပါဘူး။ မန်ယူအသင်းက ခေတ်သစ်ကို မျှော်ကြည့်နေပါတယ်။ ကစားသမားအသစ်တွေလည်း သိမ်းပိုက်ထားတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ တန်ဟက်ဂ်ရဲ့မန်ယူက စိတ်ဓာတ်အတက် အကျများလွန်းပြီး စဉ်ဆက်မပြတ်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်ဘူး။ ပြီးခဲ့တဲ့ရာသီ FA ဖလားက လီဗာပူးလ်နဲ့မန်စီးတီးကို ကျော်ဖြတ်ပြတဲ့စွမ်းဆောင်ရည်အတိုင်းဆိုရင် မန်ယူက မျှော်လင့်ချက်အားကောင်းမှာပါ။

 

Most Read

Most Recent