မန်စီးတီးကို ဘယ်သူ တားဆီးမလဲ

မန်စီးတီးကို ဘယ်သူ တားဆီးမလဲ
Photo : Getty Images
Photo : Getty Images
Published 15 August 2024
Wai Yan Aung

ဒီမေးခွန်းရဲ့နောက်မှာ ထပ်ပြီး ဖြည့်စွက်ရမှာက ဂွါဒီယိုလာနဲ့ ဟာလန်းကို ဘယ်သူတားဆီးမလဲလို့ ဖြစ်ပါလိမ့်မယ်။ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ ရာသီဆက်တိုက် ရယူထားတဲ့အသင်းပါ။ ဖာဂူဆန်နဲ့ မန်ယူအသင်း ပရီးမီးယားလိဂ်ကို ကြီးစိုးထားခဲ့ချိန်မှာတောင် မန်စီးတီးလို မလုပ်နိုင်ခဲ့ပါဘူး။ ချန်ပီယံဆုကို ၃ ရာသီဆက်ထက် ပိုမယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဂွါဒီယိုလာနဲ့ မန်စီးတီးတို့က ပရီးမီးယားလိဂ်ရဲ့ သမိုင်းသစ်ရေးသူ တွေဖြစ်ခဲ့ကြတာပါ။ ဒါဟာ တိုက်စစ်မှူး ဟာလန်းရောက်လာပြီးမှ ဖန်တီးနိုင်ခဲ့တဲ့ သမိုင်းလည်း ဖြစ်ပါတယ်။ ချန်ပီယံအသင်းတစ်သင်းမှာ ကောင်းကွက်တွေနဲ့ ပြည့်နှက်နေလေ့ရှိပေမဲ့ ထင်သာမြင်သာ အရှိဆုံး ကစားသမားတစ်ယောက်လည်း ပါဝင်နေလေ့ရှိပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ နှစ်ရာသီစလုံး ဂိုးသွင်းဘုရင်ဆု ရယူခဲ့သူဖြစ်တာကြောင့် မန်စီးတီးအသင်းမှာ သူ့ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးမားသလဲဆိုတာ သိနိုင်ပါတယ်။

 

Most Read

Most Recent