■ ငွေကြေးဖောင်းပွမှုလျော့ကျစေရန် ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်း  ပြင်ဆင်သတ်မှတ်

■ ငွေကြေးဖောင်းပွမှုလျော့ကျစေရန် ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်း  ပြင်ဆင်သတ်မှတ်
Published 14 August 2024

ငွေကြေးဖောင်းပွမှုလျော့ကျစေရန် ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်း  ပြင်ဆင်သတ်မှတ်ကြောင်း ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေ ထုတ်ချေးနိုင်မှု ပိုမိုလာပြီးစီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-

 ၎င်းတို့မှာ (က) ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်ကြောင်း၊ (ခ)  ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက်ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ၊ (ဂ) ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်ကြောင်း သိရသည် ။

နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်း များသည် ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။

Most Read

Most Recent