ရက်ချိန်း တိုကင်ယူသူ နည်းလာသဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူများ ရက်ချိန်းမလိုဘဲ လူကိုယ်တိုင် လာရောက်ပြုလုပ်နိုင်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်

ရက်ချိန်း တိုကင်ယူသူ နည်းလာသဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူများ ရက်ချိန်းမလိုဘဲ လူကိုယ်တိုင် လာရောက်ပြုလုပ်နိုင်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်
Published 13 August 2024

ရက်ချိန်းတိုကင်ယူသူ နည်းလာသဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများ ရက်ချိန်း မလိုဘဲ လူကိုယ်တိုင်လာရောက်ပြုလုပ်နိုင်သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ် ပြန်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံ ရုံးတွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး အပတ်စဉ် စနေနေ့တိုင်း လူကိုယ်တိုင်ရက်ချိန်း တိုကင်ရယူရသည့် စနစ်ကို စတင်ခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် ရက်ချိန်းတိုကင်ရယူသူအ ရေအတွက် အလွန်နည်းပါးနေပြီဖြစ်သဖြင့် သြဂုတ် ၁၇ ရက်နေ့ (စနေနေ့) မှစ၍ ရက်ချိန်း တိုကင်ပေးခြင်းကို ရပ်ဆိုင်း (ရပ်ဆိုင်း) သွား မည်ဖြစ်ကြောင်း၊ PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက် ချိန်းတိုကင်မလိုအပ်ဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်ကြောင်း၊ ဇူလိုင် ၃၁ ရက်အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ် ကိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ၂၀၂၃ ခုနှစ်မှ စတင်ပြီး ယခင်ကထက်ပိုမိုများ ပြားလာခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက် လာသူများကို ထိုင်းအာဏာပိုင်များက ပိုက် စိပ်တိုက် ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

Most Read

Most Recent