စပိန် ဘာကြောင့် လွှမ်းမိုးထားရတာလဲ

စပိန် ဘာကြောင့် လွှမ်းမိုးထားရတာလဲ
Photo : AFP
Photo : AFP
Published 12 August 2024
Taw Linn

လက်ရှိ ဘောလုံးကမ္ဘာ့ရဲ့ အဆင့်တိုင်းမှာ စပိန်တွေ လွှမ်းမိုးထားတယ်။ စပိန်အမျိုးသား လက်ရွေးစင်အသင်းက အင်္ဂလန်ကို အနိုင်ယူပြီး ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူထားပြီး စပိန်အမျိုးသမီးလက်ရွေးစင်အသင်းက ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားတယ်။ ကလပ်အဆင့်မှာလည်း ပြီးခဲ့တဲ့ရာသီ အမျိုးသားချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်း ဗိုလ်စွဲခဲ့ပြီး အမျိုး သမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအမျိုးသမီးအသင်း ဗိုလ်စွဲခဲ့တယ်။ သောကြာညက ကစားခဲ့တဲ့ ၂၀၂၄ ပါရီအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာလည်း စပိန်ယူ-၂၃ အသင်းက ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တယ်။

 

Most Read

Most Recent