ပြင်ဦးလွင်မြို့ရှိ ကိုယ်ပိုင်ကျောင်းအချို့တွင် လတ်တလော  အခြေအနေများအရ အဆောင်နေကျောင်းသားကျောင်းသူများကို နေရပ်ပြန်ခွင့်ပြုထားပြီး ကျောင်းနှစ်ပတ်ခန့် ပိတ်ထား

ပြင်ဦးလွင်မြို့ရှိ ကိုယ်ပိုင်ကျောင်းအချို့တွင် လတ်တလော  အခြေအနေများအရ အဆောင်နေကျောင်းသားကျောင်းသူများကို နေရပ်ပြန်ခွင့်ပြုထားပြီး ကျောင်းနှစ်ပတ်ခန့် ပိတ်ထား
Published 10 August 2024

ပြင်ဦးလွင်မြို့ရှိ  နာမည်ကြီး ကိုယ်ပိုင်ကျောင်းအချို့တွင် လတ်တလောအခြေအနေများအရ အဆောင်နေကျောင်းသူကျောင်းသားများကို နေရပ်ပြန်ခွင့်ပြုကာ ကျောင်းနှစ်ပတ်ခန့် ပိတ်ပေးထားကြောင်း စုံစမ်းသိရှိရသည်။

ပြင်ဦးလွင်မြို့တွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံထွက်ပေါ်နေသည့် သတင်းများအရ သြဂုတ်လ ၈ ရက်တွင် ပြင်ဦးလွင်မှ မန္တလေး ဘက်သို့ တိမ်းရှောင်ထွက်ခွာကြသည့် ယာဉ်စီးရေ ရာနှင့်ချီရှိခဲ့ပြီး အဆင်းလမ်း ၁၆ မိုင် စစ်ဆေးရေးဂိတ်ဝန်းကျင်တွင် ယာဉ်ကြော ပိတ်ဆို့သည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ အခြေအနေများအရ မြို့ပေါ်ရှိ နာမည်ကြီး ကိုယ်ပိုင်ကျောင်းအချို့မှာလည်း ကျောင်းနှစ်ပတ်ခန့် ပိတ်ကာ အဆောင်နေ ကျောင်းသားကျောင်းသူများကို မိဘထံ ပြန် ခွင့်ပြုခဲ့ကြောင်း သိရှိရသည် ။

“အခြေအနေက ဘာမှန်းမသိတော့ မိဘတွေကလည်း စိုးရိမ်ကြတာပေါ့ ။ ကျောင်း ကို နှစ်ပတ် ပိတ်ပေးလိုက်တယ်ဆိုတာ က လည်း မိဘတွေက လာခေါ်ကြတော့ ပိတ်ပေး လိုက်တာ ။ ။ ဒီမှာက လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဆို တော့ အခြေအနေက စောင့်ကြည့်ရဦးမှာ”  ဟု ပြင်ဦးလွင်မြို့ရှိ နာမည်ကြီး ကိုယ်ပိုင် ကျောင်းတစ်ခုနှင့် နီးစပ်သူတစ်ဦးက ပြော ကြားခဲ့သည်။

“တချို့ ကိုယ်ပိုင်ကျောင်းကြီးတွေ ပိတ် ပေးတာ ကြားတယ် ။ ဘယ်ကျောင်းတွေလဲ ဆိုတာတော့ အတိအကျ မပြောတတ်ဘူး ။အခု ပိတ်ပေးတာက ဘော်ဒါဆောင် ထားတဲ့ ကိုယ်ပိုင် ကျောင်းတွေပေါ့ ။တချို့ ကိုယ်ပိုင် ကျောင်း တွေကတော့ ပိတ်တဲ့အသံ မကြားမိ ဘူး ။ နာမည်ကြီး ဘော်ဒါတစ်ခုကတော့  လာ ခေါ်ကြတဲ့ မိဘတွေ ဆန္ဒအရ ကျောင်းကို နှစ်ပတ် ပိတ်ပေးလိုက်တယ်တဲ့ ။ တစ်ပတ် ပိတ်တာလို့လည်း ကြားတယ်  ” ဟု မြို့ခံတစ်ဦး က ပြောကြားသည် ။

“ကနေ့ ကလေးကို ကျောင်းလိုက်ပို့တော့ ကျောင်းလာတဲ့ ကျောင်းသားက မရှိသ လောက်ပဲ ။ အခြေအနေတွေက ဘာမှန်းမသိ တာနဲ့ ကလေးကို ပြန်ခေါ်လာရတယ် ” ဟု မြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောကြား သည် ။

“မနေ့ကတည်းက ကလေးနှစ်ယောက် လုံးကို ကျောင်းမပို့တော့တာ ။ ကျောင်းက တော့ မပိတ်သေးပါဘူး ။ ဒါပေမယ့် မိဘတွေ က ကလေးတွေကို ကျောင်းမပို့ကြတော့ဘူး” ဟု မိဘတစ်ဦးက ဆိုပါသည်။

“ကျောင်းကတော့ မပိတ်ဘူး။ ရှိတဲ့ ကျောင်းသားတွေကို သင်ပေးနေတယ်။ ပြန်ချင် တဲ့ သူကို ပြန်ခွင့်ပေးတဲ့ သဘောပေါ့” ဟု ပြင်ဦးလွင်မြို့ရှိ နာမည်ကြီး ကိုယ်ပိုင်          ကျောင်းတစ်ခုနှင့်နီးစပ်သူတစ်ဦးက ဆက် လက် ပြောကြားသည် ။

ပြင်ဦးလွင်မြို့နှင့်ပတ်သက်သည့် ကော လာဟလသတင်းများအပေါ် မြို့ခံများအနေ ဖြင့် စိုးရိမ်ပူပန်မှုများရှိသော်လည်း လက်ရှိ မြို့ပေါ်အခြေအနေမှာ ည ၈ နာရီခန့်အထိ အသွားအလာမပျက် ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုပါသည်။

 

 

 

---------

 

Most Read

Most Recent