■ အင်္ဂလန်လက်ရွေးစင်နည်းပြအဖွဲ့တွင် အက်ရှ်လေကိုးလ် ပါဝင်လာဖွယ်ရှိ     

■ အင်္ဂလန်လက်ရွေးစင်နည်းပြအဖွဲ့တွင် အက်ရှ်လေကိုးလ် ပါဝင်လာဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 9 August 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ ကစားသမားဟောင်း အက်ရှ်လေကိုးလ်သည် အင်္ဂလန်လက်ရွေးစင်နည်းပြအဖွဲ့တွင် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ 

အင်္ဂလန်လက်ရွေးစင်အသင်းသည် လက်ရှိအချိန်တွင် နည်းပြ ဆောက်ဂိတ်နှင့် လမ်းခွဲပြီးနောက် နည်းပြလက်မဲ့ဖြစ်နေသည်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က  နည်းပြသစ် မခန့်အပ်နိုင်မီကာလအတွင်း အင်္ဂလန်ယူ-၂၁ နည်းပြ လီကာစလေကို လက်ရွေးစင်အသင်း၏ ယာယီနည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ 

လီကာစလေက ၎င်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါက အက်ရှ်လေကိုးလ်ကို လက်ထောက်နည်းပြတစ်ဦးအဖြစ် ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent