■ ဥရောပစူပါဖလားပွဲတွင် ရီးယဲလ်တိုက်စစ်မှူးသစ် ဘာပေ ပွဲထွက်ကစားဖွယ်ရှိ

■ ဥရောပစူပါဖလားပွဲတွင် ရီးယဲလ်တိုက်စစ်မှူးသစ် ဘာပေ ပွဲထွက်ကစားဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 9 August 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူးသစ် ဘာပေသည် ဥရောပစူပါဖလားပွဲတွင် အသင်းအတွက် စတင်ပွဲထွက်ကစားဖွယ်ရှိကြောင်း သိရသည်။ 

အသက် (၂၅) နှစ်အရွယ်ရှိ နာမည်ကျော် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲကာ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 

ပြင်သစ်အသင်းနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဆင်နွှဲခဲ့သည် ဘာပေသည် အားလပ်ရက်အပန်းဖြေခရီးထွက်နေခြင်းကြောင့် ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင်မှ အသင်းနှင့်အတူ လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။ 

ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် ယူရိုပါလိဂ် ချန်ပီယံ အတ္တလန်တာာအသင်း ယှဉ်ပြိုင်ရမည့် ဥရောပစူပါဖလားပွဲကို သြဂုတ်(၁၄)တွင် ကျင်းပမည်ဖြစ်ပြီး ယင်းပွဲတွင် ဘာပေအနေနဖြင့် ပွဲထွက်ကစားဖွယ်ရှိကြောင်း သိရသည်။

ဘာပေသည် ကစားသမားဘဝတွင် ဥရောပစူပါဖလား ရဖူးခြင်းမရှိသေးသည့်အတွက် ရီးယဲလ်အသင်းနှင့်အတူ ဥရောပစူပါဖလားကို ရယူရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။ 

Most Read

Most Recent