ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် Old School ဖယ်ခု

ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် Old School ဖယ်ခု
Photo : X
Photo : X
Published 8 August 2024
AK

ဖယ်ခုက သူဟာ အချိန်လွန်မှပွင့်တဲ့ပန်းဆိုတာ ဝန်ခံတယ်။ ဘောလုံးကမ္ဘာရဲ့ ကျော်ကြားမှု အသိုင်းအဝိုင်းထဲ ဖယ်ခုရောက်လာချိန်ဟာ သိပ်နောက်ကျပါတယ်။ အခုဆိုရင်သူ့အသက်က ၃၁ နှစ်ရှိပါပြီ။ ဖယ်ခုကတော့ အတွေ့အကြုံဟာကစား ပွဲတစ်ခုမှာ နုပျိုမှုထက်ပိုအရေးကြီးတယ်လို့ ယုံကြည်ထားတယ်။ အဲဒီအတွေ့အကြုံနဲ့ပဲဖယ်ခုက ဒေါ့မွန်နဲ့အတူအကောင်းဆုံးရာသီတစ်ခု ဖြတ်သန်း ပြီးနောက် အခုကစားသမားတိုင်းကစားချင်တဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ရောက်လာခဲ့ပြီ။ ဒေါ့မွန် မရောက်ခင်တုန်းက ဖယ်ခုဟာ ဝါဒါဘရီမင်နဲ့အတူနှစ်ရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။

 

Most Read

Most Recent