မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် တစ်လီတာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေပြီး သတ်မှတ်စျေးနှုန်းထက် နှစ်ဆနီးပါးရှိ

မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် တစ်လီတာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေပြီး သတ်မှတ်စျေးနှုန်းထက် နှစ်ဆနီးပါးရှိ
မန္တလေးမြို့တွင် စက်သုံးဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
မန္တလေးမြို့တွင် စက်သုံးဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 7 August 2024

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၆၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိပြီး သတ်မှတ်စျေးနှုန်းထက် နှစ်ဆနီးပါးရှိကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုနှင့် အချိန်ကြာမြင့်စွာ စီတန်း ထုတ်ယူရမှုအခြေအနေများကြောင့် မန္တလေးမြို့တွင် စက်သုံးဆီပြင်ပပေါက်စျေးနှုန်းများမှာ တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ကျပ် ၉၀၀၀၊ ကျပ်တစ်သောင်းအထိ မြင့်တက်ရောင်းချမှုများ ရှိနေကြောင်း တွေ့ရသည်။

ထို့အတူ စက်သုံးဆီရောင်းချသည့် ပန့်ဆိုင်အချို့တွင်လည်း တစ်လီတာလျှင် သတ် မှတ်ပေါက်စျေးနှုန်းထက် နှစ်ဆနီးပါးမြင့်တက်ကာ တစ်လီတာလျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ဝန်းကျင်ဖြင့် ရောင်းချမှုများရှိကြောင်း မြို့ခံ များထံမှ သိရသည်။

“BOC တို့၊  DENKO တို့လို ဆီဆိုင်ကြီးတွေ မှာကတော့ တစ်လီတာ သုံးထောင်ဝန်းကျင် ဆိုပေမဲ့ နှစ်သောင်းဖိုး သုံးသောင်းဖို့ရဖို့ နေ့ တစ်ဝက်လောက် တန်းစီထုတ်နေရတာ။ ဒါ ပေမဲ့ တချို့ပန့်ဆိုင်လေးတွေမှာတော့ တစ်လီ တာကို ၅၃၀၀၊ ၅၅၀၀၊ ၅၈၅၀ ဆိုပြီး ရောင်းနေ ကြတယ်။  တန်းစီစရာလည်း မလိုဘူး။ လိုသ လောက် အပြည့်ဖြည့်လို့ရတယ်။ ပန့်ဆိုင်လေး တွေမှာ ဖြည့်မယ်ဆိုရင်တော့ ဆီစျေးမေးပြီးမှ ထည့်ကြပါ” ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

“မြို့ပတ်လမ်းမှာ မောင်းလာရင်း ဒီဆီ ဆိုင် ၁၀ စီးလောက်ပဲရှိတာ ရှင်းတယ်ဆိုပြီး ဝင်တန်းလိုက်တယ်။ ကိုယ့်အလှည့်ရောက်ချိန် မှာ အပြည့်လို့ပြောတော့ တစ်လီတာ ၅၅၀၀ နော် အဆင်ပြေလားတဲ့။ ရပါတယ် ဖြည့်ပါဆို ပြီး ပန့်က ဒစ်ဂျစ်တယ်ခွက်ကိုကြည့်ရင်း တစ် သိန်းခွဲဖိုးလည်း ရောက်ရော ဟိုး စတော့ပ်လို့ ကုန်းအော်ယူရတယ်။ တိုင်ကီအပြည့်များ ဆက်ထည့်ရင် အုံနာဘုတ်ထားခဲ့ရမယ့်ကိန်း”  ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

ယင်းသို့ စက်သုံးဆီအရောင်းဆိုင်လေး များမှာ ပေါက်စျေးထက် နှစ်ဆနီးပါးမြင့်တက်  ရောင်းချမှုအခြေအနေနှင့် ပတ်သက်၍ရောင်း ချသူတစ်ဦးက   “SME ဆိုင်လေးတွေက ဆိုင် ကြီးတွေလို  ထုတ်ဖို့မလွယ်ဘဲ မရရအောင် မှောင်ခိုစျေးနဲ့ တစ်ဆင့်ပြန်ဝယ်ပြီး ရောင်းပေး နေတာကို တချို့က အမြတ်ကြီးစားတယ်လို့ ထင်ကြတယ်” ဟု ပြောကြားသည်။

မန္တလေးမြို့ဧရိယာအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီထုတ်ယူရန် တန်းစီလျက်ရှိသည့် မော်တော်ယာဉ်နှင့်ဆိုင် ကယ်များမှာ ညအိပ်စီတန်းစောင့်ဆိုင်းမှုများ အထိရှိနေကြောင်း သိရသည်။

Most Read

Most Recent