ဆူပူမှုဖြစ်လာမည့်အရေးကို ကိုင်တွယ်ရန် ဗြိတိန်အစိုးရက အဓိကရုဏ်းရဲ ၆၀၀၀ ကိုချထား

ဆူပူမှုဖြစ်လာမည့်အရေးကို ကိုင်တွယ်ရန် ဗြိတိန်အစိုးရက အဓိကရုဏ်းရဲ ၆၀၀၀ ကိုချထား
Published 7 August 2024
Ref:AFP

ဖြစ်လာနိုင်စရာအကြမ်းဖက်မှုအနေအထားကို ကိုင်တွယ်ရန် ယူကေအဓိကရုဏ်း ရဲ ၆၀၀၀ ကို သြဂုတ် ၇ ရက်တွင် ချထားသည်ဟု အစိုးရကပြောကြားခဲ့ပြီး ကလေးသုံးဦး အသတ်ခံခဲ့ရပြီးနောက်လွန်ခဲ့သော သုံးပတ်ကျော်တွင် အင်္ဂလန်၌ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့သည်။

အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်ပို့ရှိ တေလာဆွစ် အကသင်တန်း၌ ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားစဉ် အသက်ကိုးနှစ်၊ ခုနစ်နှစ်၊ ခြောက်နှစ်အရွယ်ရှိ ကလေးသုံးဦး သေဆုံးခဲ့ပြီး နောက်ထပ်ကလေးငါးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် ဆူဆူပူပူဖြစ်မည့်အနေအထားများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ယာစွန်းအုပ်စုများက နေရာ ၃၀ ကျော်တွင် ဆန္ဒပြပွဲများ ပြုလုပ်ရန်စီစဉ်ထားပြီး လူဝင်မှုကြီးကြပ်ရေး ရှေ့နေများ၊ ခိုလှုံခွင့်တောင်းခံသူများကို ထားရှိသော အဆောက်အအုံများသည် အဓိကပစ်မှတ်များဖြစ်လာရန်ရှိနေသည်ဟု ဗြိတိန်မီဒီယာထံပေါက် ကြားလာသော တယ်လီဂရမ်ပို့စ် တစ်ခုအရ သိရသည်။

 အထူးရဲ ၆၀၀၀ သည် ဆယ်စုနှစ်တစ်ခုကျော်တွင် အင်္ဂလန်၏အဆိုးရွားဆုံး ဆူပူမှုကို ကိုင်တွယ်ရန် အသင့်ဖြစ်နေသည်ဟု အစိုးရက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုကြောင့် လူရာချီ ဖမ်းဆီးခံရပြီး လူ ၁၀၀ ကျော် စွဲချက်တင်ခံထားရသည်။                               

Most Read

Most Recent