လီဗာပူးလ်ကို ပေါင် (၇၅)သန်း သက်သာစေမယ့် သူ

လီဗာပူးလ်ကို ပေါင် (၇၅)သန်း သက်သာစေမယ့် သူ
Photos: X
Photos: X
Published 7 August 2024
Taw Lynn

ကွန်ဆာကို လီဗာပူးလ်အသင်းမှာ နေရာပေးခဲ့သူကတော့ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်ပါပဲ။ က လော့ပ်ဟာ ကွန်ဆာရဲ့အံ့ဖွယ်တိုးတက်မှုတွေကို မြင်ပြီး အသင်းမှာနေရာပေးခဲ့တာပါ။ အခု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကတော့ ကွန်ဆာကို နောက်တစ်ဆင့်ရောက်အောင် လုပ်ပေးဖို့စိတ် လှုပ်ရှားနေတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကုန် ကင်မရွန်းနောက်ခံကစားသမား မာတစ် ထွက်ခွာသွားတာကြောင့် လီဗာပူးလ်အသင်းရဲ့ဗဟိုခံစစ် ပိုင်းဟာ ပိုအားနည်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဗဟိုခံစစ်ပိုင်းက ရာသီသစ်မှာ လီဗာပူးလ်အသင်း အားဖြည့်ရမယ့် အဓိကနေရာ ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီနေရာကို ဖြည့်ပေးမယ့်သူက ကွန်ဆာ ဖြစ်လာနိုင်တယ်။ မော်ဒန်ဘောလုံးလောကမှာ ထိပ်တန်းနောက်ခံကစားသမားတစ်ဦးကို ခေါ်မယ်ဆိုရင် ပေါင် (၇၅)သန်းလောက် ကုန်ကျနိုင်ပါတယ်။ ကွန်ဆာက လီဗာပူးလ်အတွက် အဲဒီငွေကြေးကို  သက်သာစေမယ့်သူ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မလိုက်တဲ့ တည်ငြိမ်ရင့်ကျက်မှု၊ နေရာမှန်ယူတတ်မှုတွေက ကွန်ဆာဆီမှာ အမြဲမြင်တွေ့ရတဲ့ အရာတွေပါပဲ။

 

Most Read

Most Recent