မန်ယူအသင်း ခေါ်ယူရန် ကြိုးပမ်းနေသည့် ဒီလစ်နှင့် မာဇာရာဝီတို့အတွက် နှစ်ဦးပေါင်း ယူရိုသန်း(၇၀)အထိရရှိရန် ဘိုင်ယန်မြူးနစ်အသင်း အလိုရှိ

မန်ယူအသင်း ခေါ်ယူရန် ကြိုးပမ်းနေသည့် ဒီလစ်နှင့် မာဇာရာဝီတို့အတွက် နှစ်ဦးပေါင်း ယူရိုသန်း(၇၀)အထိရရှိရန် ဘိုင်ယန်မြူးနစ်အသင်း အလိုရှိ
Photo: Fabrizio
Photo: Fabrizio
Published 5 August 2024

ဘိုင်ယန်မြူးနစ်အသင်းသည် မန်ယူအသင်း ခေါ်ယူရန် ကြိုးပမ်းနေသည့် ဒီလစ်နှင့် မာဇာရာဝီတို့အတွက် ပြောင်းရွှေ့ကြေးကို နှစ်ဦးပေါင်းယူရို သန်း(၇၀)အထိရရှိရန် အလိုရှိနေကြောင်း သိရသည်။

မန်ယူအသင်းသည် ခံစစ်ပိုင်းကို အားဖြည့်ရန် စီစဉ်နေရာ ယခင်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော နယ်သာလန်နောက်ခံလူ ဒီလစ်နှင့် မော်ရိုကိုနောက်ခံလူ မာဇာရာဝီတို့ကို တစ်ပြိုင်နက်ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် မန်ယူနည်းပြ တန်ဟက်ဂ် အေဂျက်စ်အသင်းကို ကိုင်တွယ်စဉ်က လက်တွဲခဲ့ဖူးသူများဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယင်းကစားသမားနှစ်ဦးအား ခေါ်ယူရန် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ယူရိုသန်း(၆၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက ပယ်ချခဲ့ပြီး အနည်းဆုံးယူရိုသန်း(၇၀) ရရှိရန် အလိုရှိနေကြောင်း The Sun က ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဒီလစ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)ဟု သတ်မှတ်ထားပြီး မာဇာရာဝီအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၂၀)ဟု သတ်မှတ်ထားကြောင်း သိရသည်။

မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်းနှင့် သဘောတူညီချက်ရရှိရန် လိုအပ်နေသေးသော်လည်း ကစားသမားများနှင့်မူ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေသည်။

မန်ယူအသင်းသည် ဒီလစ်(၂၄ နှစ်)နှင့် မာဇာရာဝီ(၂၆ နှစ်)တို့ကို (၅)နှစ် စာချုပ်စီ ချုပ်ဆိုသွားရန် သဘောတူညီမှုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent