၁ဝလပြည့်တော့မည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲ၏ အရေးပါသော အခိုက်အတန့် ၁၀ ခု

၁ဝလပြည့်တော့မည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲ၏ အရေးပါသော အခိုက်အတန့် ၁၀ ခု
Published 4 August 2024
ဇေဇေ

၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက် တွင် ပါလက်စတိုင်းစစ်သွေးကြွ အုပ်စု ဟားမာ့စ်၏အဖွဲ့ဝင်များသည် အစ္စရေးသမိုင်း တွင် အဆိုးရွားဆုံးတိုက်ခိုက်မှုကိုလုပ် ဆောင်ခဲ့ပြီးနောက် အစ္စရေးက ဂါဇာကမ်း မြောင်ကို ပြင်းထန်သည့် စစ်ဆင်ရေးဖြင့် တုံ့ပြန်ခဲ့သည်။

ဝေဟင်နှင့်မြေပြင်စစ်ဆင်ရေးတို့ ကြောင့် အနည်းဆုံး လူ ၃၉,၄၈၀ သေဆုံး ခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာ ကမ်းမြောင်၏ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အရပ်သားသေဆုံးမှု များနှင့်စစ်သွေးကြွ သေဆုံးမှုများကို အသေး စိတ်ဖော်ပြထားခြင်းမရှိပေ။

အေအက်ဖ်ပီသတင်းဌာနက ဂါဇာစစ် ပွဲ၏အရေးပါသော အခိုက်အတန့်များကို ပြန်လည်ဖော်ပြထားသည်များကို ယခု ဆောင်းပါတွင် တင်ပြလိုက်ပါသည်။

ဟားမာ့စ် တိုက်ခိုက်မှုများ

အောက်တိုဘာ ၇ ရက် အရုဏ်တက် ချိန်တွင် ဟားမာ့စ်တိုက်ခိုက်ရေးသမားရာ ပေါင်းများစွာသည် အစ္စရေးနိုင်ငံကို ထိုး ဖောက်ဝင်ရောက်လာသည်။

          သူတို့သည် လမ်းပေါ်ကအရပ်သား များကိုလည်းကောင်း၊ အိမ်ထဲက အရပ်သား များကိုလည်းကောင်း၊ ကန္တာရ ဂီတပွဲတော် ထဲက အရပ်သားများကိုလည်းကောင်းသတ် သည်။ စစ်အခြေစိုက်စခန်းများတွင်ရှိသော စစ်သားများကို တိုက်ခိုက်သည်။

          သူတို့သည် ဓားစာခံ ၂၅၁ ဦးကို ဖမ်း ဆီးပြီး သူတို့နှင့်အတူ ဂါဇာကို ခေါ်ဆောင် သွားသည်။ သေဆုံးသူ ၃၉ ဦးအပါအဝင် ၁၁၁ ဦးသည် ထိန်းသိမ်းခံထားရဆဲဖြစ် သည်။ ဓားစာခံ ၃၉ ဦးသေဆုံးသွားသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

          ဇူလိုင်လကုန်ပိုင်းတွင် ဂါဇာ နယ်မြေ ၁၄ ရာခိုင်နှုန်းသည်သာလျှင် ရွှေ့ပြောင်းအ မိန့်မလွှမ်းခြုံသောနေရာများဖြစ်နေသည်ဟု ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလ သမဂ္ဂအေဂျင်စီ၏အကြီးအကဲက ပြော သည်။ ဂါဇာသား ၉၀ ရာခိုင်နှုန်းဝန်းကျင် သည် စစ်ဘေးရှောင်နေရသည်ဟု ကုလသ မဂ္ဂက ထုတ်ပြန်သည်။

 

မြေပြင် ကျူးကျော်မှု

အောက်တိုဘာ ၂၇ ရက်တွင် အစ္စရေး က မြေပြင်ထိုးစစ်ကို စတင်သည်

နိုဝင်ဘာ ၁၅ ရက်တွင် အစ္စရေးစစ်သား များက ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာ  ကို ဝင်ရောက်စီးနင်းသည်။ ထိုဆေးရုံ၌ ဟား မာ့စ် ကွပ်ကဲရေးဌာနရှိသည်ဟု အစ္စရေးက ပြောသည်။ ဆေးရုံတွင် ကွပ်ကဲရေးဌာနရှိ သည်ဆိုခြင်းကို ဟားမာ့စ်က ငြင်းသည်။

အပစ်ရပ်စဲမှုနှင့် ဓားစာခံလဲလှယ်မှု

နိုဝင်ဘာ ၂၄ ရက်တွင် အစ္စရေးနှင့်ဟား မာ့စ်တို့၏ တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲ  မှု အသက်ဝင်သည်။

အစ္စရေးအကျဉ်းထောင်များတွင် ထိန်း သိမ်းထားသော ပါလက်စတိုင်းသား ၂၄၀ ကို ပြန်လွှတ်ပေးသည့်အတွက် ဟားမာ့စ်က အစ္စရေး ဓားစာခံ ၈၀ ကို ပြန်လွှတ်ပေးသည်။ အခြား ဓားစာခံ ၂၅ ဦး အများစု ထိုင်းယာ လုပ်သားများကို ပြန်လွှတ်ပေးသည်။ ၎င်းင်း တို့ကို ပြန်လွှတ်ပေးရန် သဘောတူညီ ချက် တွင် မပါသော်လည်း ဟားမာ့စ်က ၎င်းင်း တို့ကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

          အစ္စရေးက ယာယီအပစ်အခတ်ရပ်စဲ ထားချိန်အတွင်း ဂါဇာကို အကူအညီများ ပိုမိုပို့ဆောင်ရေးအတွက် ခွင့်ပြုသည်ဆို သော်လည်း အဝိုင်းခံထားရသော ဂါဇာကမ်း မြောင်$ လူသားချင်းစာနာမှုအခြေအနေ သည် ဆိုးရွားနေဆဲဖြစ်သည်။

          စစ်ပွဲ ပြန်စသည့်အခါ အစ္စရေးက ဂါဇာတောင်ပိုင်းသို့ စစ်ဆင်ရေးများတိုးချဲ့ သည်။

လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန် တောင်းဆို

          တောင်အာဖရိကနိုင်ငံက တရားစွဲခဲ့ သောအမှုကို ဇန်နဝါရီ ၂၆ ရက်တွင် ကြား ဖြတ်စီရင်ချက်ချရာ၌ အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှုလုပ်ရပ်မှန်သမျှကို တားဆီးရေး အတွက် အားလုံးလုပ်ဆောင်ရန်အပြည် ပြည်ဆိုင်ရာ တရားရုံးက ညွှန်ကြားသည်။

စားနပ်ရိက္ခာဝေရာ၌ လူူအုပ်ပြိုမှုဖြစ်ပွား

          စားနပ်ရိက္ခာတင်လာသော ကုန်တင် ကားများထံ ပြေးလာသော ဂါဇာမြောက်ပိုင်း သားများကို ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စ ရေးတပ်ဖွဲ့များက ပစ်ခတ်သည်။ ယင်းသို့ ပြေးလာခြင်းသည် ခြိမ်းခြောက်မှုဟု ယူဆ သောကြောင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု အစ္စ ရေးစစ်တပ်က ပြောသည်။

          လူ ၁၂၀ ပစ်သတ်ခံရပြီး ရာဂဏန်း ဒဏ်ရာရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားပြီး ယင်းလုပ်ရပ်သည် လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည် ဟု ပြောကြားသည်။

          သေဆုံးသူအများစုမှာ လူလူချင်း တက် နင်းမိခြင်း သို့မဟုတ် ကုန်တင်ကား အကြိတ် ခံရခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

          မတ်လဆန်းပိုင်းမှစတင်၍ အမေရိ ကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က ဂါဇာကို စားနပ်ရိက္ခာများ လေယာဉ်ပေါ်မှ ချပေးသည်။ ဂါဇာသည် အငတ်ဘေးကြုံနေ ရပြီဟု ကုလသမဂ္ဂက ပြောသည်။ဆိုက်ပ ရက်စ်နိုင်ငံမှစားနပ်ရိက္ခာများတင်လာသော ပထမဆုံးသင်္ဘောသည် မတ် ၁၅ ရက်တွင် ရောက်ရှိသည်။

အန်ဂျီအိုလုပ်သားများ သေဆုံး

          ဧပြီ ၁ရက်တွင်အမေရိကန် အန်ဂျီအို အဖွဲ့ world central  မှ အန်ဂျီအိုလုပ်သား ခုနစ်ဦးသည် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည်။ ယင်းတိုက်ခိုက်မှုသည် ဝမ်းနည်းစရာကောင်းသော အမှားဖြစ်သည် ဟု အစ္စရေးစစ်တပ်က ပြောသည်။

          နေတန်ယာဟုက ရာဖာမြို့သို့ မြေပြင်  တပ်ဖွဲ့များ စေလွှတ်ရန် အကြိမ်ကြိမ် ခြိမ်း ခြောက်ထားသည်။ ရာဖာသည် ဂါဇာ တောင်ဘက်အဖျားစွန်းတွင်ရှိသော မြို့ဖြစ် ပြီး ဂါဇာကမ်းမြောင်၏ပြည်သူ ၂ ဒသမ ၄ သန်းထဲက အများစုသည် ရာဖာတွင် ခိုလှုံ နေသည်။

အီရန်က အစ္စရေးကို တိုက်ခိုက်

          ဂါဇာစစ်ပွဲက ဒေသတွင်းစစ်ပွဲအဖြစ် ကူးစက်လာမည့် စိုးရိမ်မှုများရှိနေချိန် ဧပြီ ၁၃ ရက်တွင် အီရန်က အစ္စရေးကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်သည်။ ဧပြီ ၁ ရက်တွင် အီရန်၏ဒမတ်စကတ် ကောင်စစ် ဝန်ရုံး တိုက်ခိုက်ခံရသည်ကို လက်တုံ့ပြန် သည့်အနေဖြင့် အီရန်က အစ္စရေးကိုတိုက် ခိုက်ခြင်းဖြစ်သည်။ ဒမတ်စကတ်ရှိ အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးတိုက်ခိုက်ခြင်း ဖြစ်သည်ဟု အီရန်က အပြစ်တင်သည်။

          ဧပြီ ၁၉ ရက် တိုက်ခိုက်မှုများက အီရန် နိုင်ငံအလယ်ပိုင်းကို ပစ်မှတ်ထားသည်။ အီ ရန်က ယင်းတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်မတင်ဘဲ တိုက်ခိုက်ခံရမှုကို အရေးမ ပါသလို ပြောသည်။ တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု အစ္စရေးကို ပြောကြားခြင်း မရှိပေ။

တောင်ပိုင်း စစ်ဆင်ရေးများ

          မေ ၇ ရက်တွင် အစ္စရေးစစ်တပ်က ရာ ဖာစစ်ဆင်ရေးကို စတင်သည်။ ရာဖာတွင် ဂါဇာပြည်သူ ၁ ဒသမ ၄ သန်း ခိုလှုံနေသည် ဟု ကုလသမဂ္ဂက ပြောသည်။ အီဂျစ်နှင့် နယ်စပ်ဖြတ်သန်းရေးဂိတ်ကို အစ္စရေးစစ် တပ်က ထိန်းချုပ်လိုက်သည်။ ထိုဂိတ်သည် အကူအညီများအတွက် အရေးပါသော ဝင် ပေါက်ဖြစ်သည်။

          မေ ၂၆ နှင့်၂၇ ရက် ညပိုင်းတို့တွင် တိုက်ခိုက်မှုများက တဲထိုးနေကျသော ဒုက္ခ သည်စခန်းတွင် မီးလောင်မှုကို ဖြစ်ပွားစေရာ လူ ၄၅ ဦးသေဆုံးသည်ဟု ဂါဇာအာဏာပိုင် များက ပြောသည်။ အကြီးတန်းဟားမာ့စ် စစ်သွေးကြွ နှစ်ဦးကို ပစ်မှတ်ထားခြင်းဖြစ် သည်ဟု အစ္စရေးက ပြောသည်။

          ဇူလိုင်လထဲက ရက်ပေါင်းရှစ်ရက်အ တွင်းတွင် အစ္စရေးစစ်တပ်က စစ်ဘေးရှောင် များခိုလှုံနေသည့် စာသင်ကျောင်းငါး ကျောင်းကို ပစ်မှတ်ထားခဲ့ရာ လူဒါဇင်ချီ သေဆုံးသည်ဟု ဟားမာ့စ်နှင့်ဂါဇာ သတင်း အရင်းအမြစ်တို့က ပြောသည်။

          ဇူလိုင် ၁၃ ရက်တွင် ခန်းယူနစ်မြို့အနီး တိုက်ခိုက်မှုက လူ ၉၂ ဦးသေဆုံးစေပြီး ဇူလိုင် ၂၂ ရက် တိုက်ခိုက်မှုက လူ ၇၀ သေ ဆုံးစေသည်ဟု ဟားမာ့စ်က ပြောသည်။

ဒေသတွင်း ပဋိပက္ခမြင့်တက်လာမည် ကိုစိုးရိမ်

          အစ္စရေးနှင့်လက်ဘနွန် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စု ဟစ်ဇဘိုလာတို့ အောက် တိုဘာကတည်းက နေ့တိုင်းနီးပါး အပြန် အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသော အစ္စ ရေး-လက်ဘနွန် နယ်စပ်တွင် ဇူလိုင်အတွင်း  နေ့စဉ်အပြန်အလှန်ပစ်ခတ်မှု ပိုမိုများပြား လာသည်။

          ဇူလိုင် ၂၇ ရက်တွင် အစ္စရေးသိမ်းပိုက် ထားသော ဂိုလန်ကုန်းမြင့်ရှိ ဒရုစ်-အာရပ် မြို့ မာဂျယ်ရှမ်းစ်ကို ရော့ကတ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းကြောင့် လူငယ် ၁၂ ဦးသေဆုံး သည်။

          ယင်းတိုက်ခိုက်မှုအတွက် အစ္စရေးက ဟစ်ဇဘိုလာကို အပြစ်တင်သည်။ အစ္စရေး စွပ်စွဲမှုကို ဟစ်ဇဘိုလာက ပယ်ချသည်။

          အစ္စရေးက တိုက်ခိုက်မှုအချို့လုပ်ကာ လက်တုံ့ပြန်သည်။ ထိုတိုက်ခိုက်မှုထဲတွင် ဇူလိုင် ၂၇ ရက်တွင် ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးကိုတိုက်ခိုက်မှုပါဝင်သည်။ယင်း တိုက်ခိုက်မှုကြောင့် ဟစ်ဇဘိုလာတပ်မှူးကြီး ဖူအက်ရှုခါ သေဆုံးသည်။ အရပ်သားငါးဦး လည်း သေဆုံးသွားသည်ဟု ဟစ်ဇဘိုလာက ထုတ်ပြန်သည်။

          ဇူလိုင် ၃၁ ရက်တွင် အီရန်ကို တိုက် ခိုက်မှုအတွင်း ဟားမာ့စ် နိုင်ငံရေးခေါင်း ဆောင် အစ္စမေးလ်ဟာနီယက် သေဆုံး သည်။ ယင်းတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ထားသည်။ တီဟီရန်ကိုတိုက်ခိုက် သည်ဆိုခြင်းအား အစ္စရေးက ဖြေကြားခြင်း မပြုပေ။

          ဇူလိုင်လထဲတွင် ဂါဇာကို တိုက်ခိုက်မှု အတွင်း ဟားမာ့စ် စစ်ဦးစီးချုပ် မိုဟာမက် ဒီယက် သေဆုံးသွားသည်ဟု သြဂုတ် ၁ ရက် တွင် အစ္စရေးကအတည်ပြုသည်။

          အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟုသည် ဟားမာ့စ်ခေါင်းဆောင် အစ္စ မေးလ်ဟာနီယက် သေဆုံးသွားခြင်းမှ ပြည် တွင်း၌ အကျိုးအမြတ်ရှိနိုင်သည်ဆိုသော် လည်း ဟာနီယက်သေဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောပဋိပက္ခတို့က အောင် ပွဲကို ပြောင်းပြန်ဖြစ်သွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

          နေတန်ယာဟုကမူ စစ်ပွဲက ရလာ သည့် ဆုလာဘ်ကိုလိုအပ်နေသည်။အောက် တို ဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေး တွင် လူ ၁,၁၉၇ ဦးသေဆုံးခဲ့သည်။ သေဆုံး သူအများစုမှာ အစ္စရေးအရပ်သားများဖြစ် သည်။အစ္စရေးက လက်တုံ့ပြန်သောကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၃၉,၄၈၀ သေ ဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။

          လွန်ခဲ့သောရက်ပိုင်းတွင် အစ္စရေးက ဟားမာ့စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် မကြာမီ ဟားမာ့စ် ဘက်က တုံ့ပြန်လာနိုင်သည်ဟု ခန့်မှန်းနေ ကြသည်။ ၁၀ လပြည့်တော့မည့် ဂါဇာစစ်ပွဲ သည် ပြီးဆုံးရန် လမ်းစမမြင်ရသေးချိန် အရှေ့အလယ်ပိုင်း၌ တင်းမာမှုများ တိုးလာ နေသည်။                                                            Ref:  AFP

Most Read

Most Recent