မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 3 August 2024

ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး သီးခြားစီတွေ့ဆုံပြီး ရင်းနှီး မြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေး နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေး မှူး မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့တို့ သြဂုတ် ၂ ရက်မွန်းလွဲပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ ပူးပေါင်း ၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာအရည်အသွေးကောင်းမွန်စေပြီး စိုက်ပျိုးရေးဆိုင်ရာ အကျိုးအမြတ်ရရှိစေရန်အတွက် ရုရှားနည်း ပညာသုံး ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံ တည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာ ချွန်လွှာ (Memorandum of Cooperation -MOC) လက်မှတ် ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးကိစ္စ ရပ်များ၊ ရုရှားနိုင်ငံမှ သဘာဝရွက်ဖျန်းမြေ သြဇာဆေးရည် တင်သွင်းမည့်ကိစ္စ၊ မြေပြင် တွင် လက်တွေ့စမ်းသပ် စိုက်ပျိုးသွားမည့် ကိစ္စ၊ တောင်သူအသိပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များ ရှိပါကလည်း ပံ့ပိုးကူညီမည့်ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမင်းနောင်နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်က ရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် သြဂုတ် ၂ ရက်တွင် ပြည်ထောင်စုဝန် ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် နေပြည်တော်တွင် သဘာဝမြေသြဇာ ရွက်ဖြန်းအားဆေးရည် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်မည့် စီမံ ကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင် ရာလုပ်ငန်းများတွင် ရုရှားနိုင်ငံ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီး ပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန် ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်စ် ဇန်းဒါးဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃၁ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် နှစ် ဖက် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စ ရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များနှင့်ပတ်သက်၍ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရုရှားနိုင်ငံ၊ ရော့စ် ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန် ကြားရေးမှူတို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၂၈ ရှိ အစည်းအဝေးခန်းမ၌ ဇူလိုင် ၃၁ ရက်က တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင် ငံအကြား ဓာတ်သတ္တု ဖွံ့ဖြိုးတိုးတက် ရေး ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ဆွေးနွေးကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန^လုပ်ငန်းများမှ ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent