စပိန်ရဲ့ခေတ် ၊ စပိန်ရဲ့ လွှမ်းမိုးမှု

စပိန်ရဲ့ခေတ် ၊ စပိန်ရဲ့ လွှမ်းမိုးမှု
Photos: AFP
Photos: AFP
Published 3 August 2024
Phoe Thar

(၂၁)ရာစုအတွင်း စပိန်ဘောလုံးလောကရဲ့ ဖွံဖြိုးတိုးတက်မှုနှုန်းက အတော်လေးကိုအရှိန်အဟုန်ပြင်းထန်ခဲ့တယ်။ သက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေနဲ့ဖြစ်စေ၊ ကလပ်အသင်းတွေနဲ့ဖြစ်စေ စပိန်ဘောလုံးနဲ့ သက်ဆိုင်သမျှ ထိပ်တန်းအသင်းတွေဟာ ပြိုင်ပွဲတိုင်း၊ နယ်မြေတိုင်းမှာ အခမ်းနားဆုံးသော စံချိန်မှတ်တမ်းတွေနဲ့ အကြိမ်ကြိမ်သရဖူဆောင်းခဲ့သလို၊ စပိန်ဘောလုံးရပ်ဝန်းရဲ့ နည်းပြနဲ့ ကစားသမားမျိုးဆက်စီးဆင်းမှုကလည်း စဉ်ဆက်မပြတ်အားရစရာကောင်းခဲ့တယ်။ စပိန်ဟာဘောလုံးသမိုင်း အစဉ်အလာ၊ အောင်မြင်ကျော်ကြားမှုတွေနဲ့ ပတ်သက်ရင် ဘရာဇီးလ်၊ ဂျာမနီ၊ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်နဲ့ အာဂျင်တီးနားတို့လို ပြိုင်ဘက်အသင်းကြီးတွေကို မယှဉ်နိုင်ခဲ့ပေမယ့်  စနစ်တကျရှိသော အားထုတ်ကြိုးပမ်းပြောင်းလဲမှုနဲ့အတူဘောလုံးကမ္ဘာရဲ့ ထိပ်ဆုံးအလွှာကို တက်လှမ်းပြခဲ့နိုင်ခဲ့တာဖြစ်တယ်။

 

Most Read

Most Recent