■ နစ္စတယ်ရွိုင်းရဲ့ သက်ရောက်မှု     

■ နစ္စတယ်ရွိုင်းရဲ့ သက်ရောက်မှု     
Photo: Getty Images
Photo: Getty Images
Published 2 August 2024
Taw Linn

လော့စ်အိန်ဂျယ်လိစ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်ကွင်းက မန်ယူအသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်မှာ ဒတ်ချ်သံဝဲဝဲအင်္ဂလိပ်စကားသံ ဆူညံနေတယ်။ အဲဒီအသံပိုင်ရှင်က တန်ဟက်ဂ် မဟုတ်ဘူး။ နစ္စတယ်ရွိုင်းပဲ ဖြစ်တယ်။ အဖြူရောင်ဘေ့စ်ဘောဦးထုပ်ဝတ်ဆင်ထားတဲ့ တန်ဟက်ဂ်ကတော့ လက်ပိုက်ပြီး မန်ယူအသင်းနည်းပြအဖွဲ့ဝင်တွေကို စောင့်ကြည့်နေတယ်။ အဲဒီအချိန်မှာ နစ္စတယ်ရွိုင်းကတော့ အလုပ်ရှုပ်နေတယ်။ ကစားသမားတွေကို တောင်ပံတွေဆီ ဘောလုံးဖြန့်ဖို့၊ အခွင့်အရေးတွေဖန်တီးဖို့ ညွှန်ကြားနေတယ်။ မန်ယူအတွက် ပြိုင်ပွဲစုံ (၂၁၉)ပွဲမှာ ဂိုး (၁၅၀) သွင်းခဲ့တဲ့ နစ္စတယ်ရွိုင်းက ဂိုးဘယ်လိုသွင်းရမယ်ဆိုတာကို ကောင်းကောင်းသိသူပါ။ 

 

Most Read

Most Recent