အစ္စရေးသည် မိမိ၏ရန်သူများကို ပြင်းထန်သောလက်သီးချက်များဖြင့် ထိုးနှက်ခဲ့သည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပြောကြား

အစ္စရေးသည် မိမိ၏ရန်သူများကို ပြင်းထန်သောလက်သီးချက်များဖြင့် ထိုးနှက်ခဲ့သည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပြောကြား
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ ဇူလိုင် ၂၅ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်(Photo: AFP)
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ ဇူလိုင် ၂၅ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်(Photo: AFP)
Published 1 August 2024

အစ္စရေးသည် မိမိ၏ရန်သူများကို  ပြင်းထန်သော လက်သီးချက်များဖြင့် ထိုးနှက်ခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားလိုက်ရာ ထိုစကားသည် ဘေရွတ်တောင်ပိုင်းတွင် ဟစ် ဇဘိုလာခေါင်းဆောင်တစ်ဦးဖြစ်သော ဖူအပ်ရှုခါသေဆုံးသွားခြင်းကို တိတိကျကျ ရည် ညွှန်းလိုက်ခြင်းဖြစ်သည်။

ရုပ်သံက ထုတ်လွှင့်ခဲ့သော နေတန်ယာဟု၏မိန့်ခွန်းသည် ငါးမိနစ်နီးပါး ကြာမြင့်ခဲ့ပြီး တီဟီရန်၌ ဟားမာ့စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက်သေဆုံးသွားသည့်အကြောင်းကို ပြောဆိုခဲ့ခြင်းမရှိပေ။

အစ္စရေးသည် ဟားမာ့စ်ခေါင်းဆောင်များနှင့် တိုက်ခိုက်ရေးသမားထောင်ပေါင်းများစွာကို ရှင်းလင်းခြင်းမပြုဘဲ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက်ဖိအားပေးမှုကိုမလွန်ဆန်နိုင်ဟု အစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

၎င်းက ဘေရွတ်တောင်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၃၀ ရက်က ရှုခါသေဆုံးသွားခြင်းကို တိုက်ရိုက် ရည်ညွှန်းခဲ့သည်။

“ကျွန်တော်တို့ဟာ(ဟစ်ဇဘိုလာအကြီး အကဲဟာဆန်) နာဆရယ်လာရဲ့ညာလက်ရုံးကို ရှင်းလင်းခဲ့ပါတယ်။ သူဟာကလေးအများအပြားကို သတ်ခဲ့တဲ့အတွက် တိုက်ရိုက်တာဝန်ရှိသူဖြစ်ပါတယ်”ဟု ဇူလိုင် ၂၄ ရက်တွင် ရော့ကတ်ဖြင့် ဂိုလန်ကုန်းမြင့်တိုက်ခိုက်ခံရပြီး ကလေး ၁၂ ဦးသေဆုံးသွားသည့် ကိစ္စကို နေတန်ယာဟုက ရည်ညွှန်းခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို လက်ဘနွန်လက်နက်ကိုင် အုပ်စုဟစ်ဇဘိုလာက လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲထားသည်။

“ကျွန်တော်တို့ဟာ မိုဆန်ကို လက်စားချေပြီးပါပြီ။ ကျွန်တော်တို့ကို ထိခိုက်စေတဲ့ဘယ်သူ့ကိုမဆို ကျွန်တော်တို့ လက်စားချေသွားမှာဖြစ်ပါတယ်”ဟု နေတန်ယာဟုကရှုခါ၏ တိုက်ခိုက်ရေးသမားအမည်ကို အသုံးပြုကာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ကလေးတွေကို သတ်တဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ကလေးတွေကိုလုပ်ကြံတဲ့သူတွေ၊ ကျွန်တော်တို့ရဲ့တိုင်းပြည်ကို အန္တရာယ်ပြုတဲ့သူတွေဟာ သူတို့ရဲ့ခေါင်းကို တန်ရာတန်ကြေးပေးရမှာဖြစ်ပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်၌ လုပ်ဆောင်နေသော အစ္စရေးစစ်ဆင်ရေးကိုလည်း နေတန်ယာဟုက ကာကွယ်ပြောဆိုခဲ့သည်။ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနိုင်ငံတွင်းမှလည်းကောင်း၊ ပြည်ပမှလည်းကောင်း ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။

“အဲဒီအသံတွေကို ကျွန်တော်တို့ နားထောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ ဟား မာ့စ်ခေါင်းဆောင်တွေနဲ့တိုက်ခိုက်ရေးသမားထောင်ပေါင်းများစွာကို ရှင်းလင်းနိုင်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဓားစာခံအားလုံးလွတ်မြောက်စေမယ့် သဘောတူညီချက် ပိုမိုနီးစပ်လာစေမယ့် အခြေအနေတွေ ကို ကျွန်တော်တို့ဖန်တီးနိုင်ခဲ့လိမ့်မှာမဟုတ်သလို စစ်ပွဲရဲ့ဦးတည်ချက်အားလုံးကိုလည်း ထမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့လိမ့်မှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဟားမာ့စ်စစ်ဦးစီးချုပ် မိုဟာမက်ဒီးယက်ကို လွန်ခဲ့တဲ့သုံးပတ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ လေတပ်ရဲ့အလှမ်းအဝေးဆုံးနေရာကို တိုက်ခိုက်မှုအတွင်း ဟူရ်သီတို့ကို လွန်ခဲ့တဲ့နှစ်ပတ်မှာ ကျွန်တော်တို့ တိုက်ခိုက်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်နေတန်ယာဟုက ပြောကြားခဲ့သည်။      

Ref: AFP

Most Read

Most Recent