တီဟီရန်၌ ကျဆုံးသွားခဲ့သည့် ဟားမာ့စ်ခေါင်းဆောင်

တီဟီရန်၌ ကျဆုံးသွားခဲ့သည့် ဟားမာ့စ်ခေါင်းဆောင်
Published 1 August 2024
မြတ်သက်မှူးကို

အီရန်နိုင်ငံတွင် အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း ဟားမာ့စ်အဖွဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ်ဟာနီယက် သေဆုံးခဲ့သည်။သူ သည် ဟားမာ့စ်အဖွဲ့စတင် တည်ထောင်ချိန် ကတည်းက အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် ပါလက်စတိုင်းဝန်ကြီးချုပ် ဟောင်းတစ်ဦးလည်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့က ဟာနီယက်  သေဆုံး မှုကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

“ညီနောင်ဖြစ်တဲ့အပြင်ခေါင်း ဆောင် တစ်ဦးဖြစ်တဲ့ မူဂျာဟစ်အစ္စမေးလ်ဟာ နီ ယက် ဟာ အီရန်သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး နောက် တီဟီရန်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာရှိ နေတုန်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့ပါတယ်”ဟုဟားမာ့စ် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

            ဟာနီယက် သည် ဟားမာ့စ်အဖွဲ့အတွင်း လက်တွေ့ကျ သော ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထား ရပြီး ၎င်းင်း၏တည်ငြိမ်သည့် အမူအရာကြောင့် လူသိများထင်ရှားသည်။

            ဟာနီယက် ကို  ၁၉၆၃ ခုနှစ်တွင် ဂါဇာရှိ အယ်ရှက်တီဒုက္ခသည်စခန်း၌ မွေးဖွားခဲ့ သည်။ ၎င်းင်းမမွေးဖွားမီ ၁၅ နှစ်အစောပိုင်းက အစ္စရေးနိုင်ငံထူထောင်စဉ်ကာလအတွင်း ၎င်းင်း၏မိသားစုသည် ဂါဇာမြောက်ပိုင်းကီလို မီတာအနည်းငယ်အကွာရှိ အက်ရှ်ကီလွန်မှ ထွက်ပြေးခဲ့ရသည်။

            ငယ်စဉ်ကာလက ဟာနီယက်သည် ဂါဇာရှိ အစ္စလာမ်မစ််တက္ကသိုလ်တွင် မွတ် စလင်ညီအစ်ကိုများအဖွဲ့၏ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သည်။

            ၁၉၉၃ ခုနှစ်အထိ ကြာမြင့်ခဲ့သည့်အစ္စ ရေးသိမ်းပိုက်မှုကို ဆန့်ကျင်သော ပထမဆုံး ပါလက်စတိုင်း ဆူပူအုံ<ကမှုဖြစ်ပွားခဲ့ပြီး နောက် ဟားမာ့စ်အဖွဲ့ကို စတင်တည်ထောင် သည့် ၁၉၈၇ ခုနှစ်တွင် ဟာနီယက် သည်အဖွဲ့ အတွင်း ပူးပေါင်းပါဝင်ခဲ့သည်။

            ထိုအချိန်က အစ္စရေးသည် ဟာနီယက် ကို အကြိမ်ပေါင်းများစွာ အကျဉ်းချခဲ့သော် လည်း ယင်းနောက် လက်ဘနွန် တောင်ပိုင်းသို့ ခြောက်လကြာ ပြည်နှင်ဒဏ် ပေးခဲ့သည်။

            ဟာနီယက် နှင့်ဟား မာ့စ် အဖွဲ့ တည် ထောင်သူတစ်ဦး ဖြစ်သည့်အပြင် စိတ် ဓာတ် ရေးရာပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ဦး လည်းဖြစ်သည့် ရှိတ်အာမတ်ရက်ဆင်းတို့ သည် ၂၀၀၃ ခုနှစ်တွင်လုပ်ကြံ သတ် ဖြတ် ရန်ကြိုးပမ်းမှုမှ အတူ လွတ် မြောက်ခဲ့ သည်။ ၎င်းင်းတို့သည် နေအိမ် တစ်အိမ်ကို အစ္စ ရေး၏ လေကြောင်း တိုက်ခိုက်မှုတစ်ခုမှအ သက်ရှင် လွတ် မြောက်ခဲ့သည်။သို့သော်တစ်နှစ် အကြာ၌ ရက်ဆင်းကို သတ် ဖြတ်နိုင် ခဲ့သည်။

 

ပါလက်စတိုင်းဝန်ကြီးချုပ်ဟောင်း

            ဟာနီယက်သည် ခါလစ်မီရှယ်နေရာကို ဆက်ခံရန်အတွက် ၂၀၁၇ ခုနှစ်တွင် ဟား မာ့စ်နိုင်ငံရေးဗျူရို၏ အကြီးအကဲအဖြစ်ရွေး ချယ်ခံခဲ့ရသည်။သို့သော်၂၀၀၆ ခုနှစ်တွင်ပါ လီမန်ရွေးကောက်ပွဲ၌ ဟားမာ့စ်တို့၏အံ့အား သင့်ဖွယ်အောင်မြင်မှုရရှိပြီးနောက် ထိုနှစ် တွင် ပါလက်စတိုင်း ဝန်ကြီးချုပ်ဖြစ်လာခဲ့ချိန် ပိုမိုလူသိများထင်ရှားလာခဲ့သည်။

            သို့သော် ပါလက်စတိုင်းသမ္မတမာမွတ် အက်ဘ်ဘက်စ်၏ ဖာတာလှုပ်ရှားမှုနှင့်ခိုင် မာသောအာဏာခွဲဝေရေးအစီအစဉ်သည် မကြာမီ ပြိုကွဲခဲ့ပြီး သမ္မတ၏သစ္စာခံများကို ရာထူးမှ ပြင်းပြင်းထန်ထန် ဖြုတ်ချခဲ့ပြီးနောက် ဟားမာ့စ်တို့သည် ၂၀၀၇ ခုနှစ်တွင် ဂါဇာကမ်း မြောင်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ သည်။

            ဟာနီယက်သည် ထိုအချိန်က ဟားမာ့စ် အဖွဲ့၏ပြိုင်ဘက်များအပါအဝင် အမျိိုးမျိုး သော ပါလက်စတိုင်းအဖွဲ့များ၏အကြီးအကဲ များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။

            ဟာနီယက်သေဆုံးပြီးနောက် သမ္မတ အက်ဘ်ဘက်စ်က ၎င်းင်းအားသတ်ဖြတ်မှုသည်  သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကာ တင်းမာမှုများပိုမိုအရှိန် မြင့်လာနိုင်သည်ဟု ပြောကြားခဲ့ပြီးအစ္စရေး ကို ဆန့်ကျင်ရာ၌ စည်းလုံးညီညွတ်ကြရန်ပါ လက်စတိုင်းဒေသခံများကို တိုက်တွန်းခဲ့ သည်။

            မကြာသေးမီက ဟာနီယက်သည်ပြည် ပြေးတစ်ဦးအဖြစ် နေထိုင်ခဲ့ပြီး တူရကီနှင့်ကာ တာနိုင်ငံများတွင် တစ်လှည့်စီနေထိုင်ခဲ့သည်။

            ဟားမာ့စ်အဖွဲ့က အစ္စရေးကိုအောက် တိုဘာ ၇ ရက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး နောက် ဟားမာ့စ်နှင့် ဆက်နွှယ်သောမီဒီယာ က ထုတ်ပြန်ခဲ့သော ဗီဒီယိုမှတ်တမ်း၌ဟာနီ ယက်သည် ရုပ်မြင်သံကြားတွင် တိုက်ခိုက်မှု ဖြစ်စဉ်များ၏ ဓာတ်ပုံများကို ကြည့်ရှုနေ ကြောင်း မြင်တွေ့ခဲ့ရသည်။

            အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအ တွင်း အစ္စရေးတွင် အရပ်သားအများစုအပါအ ဝင် လူ ၁၁၉၇ ဦးသေဆုံးခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများက ထုတ်ပြန်ထားသည့်စာရင်း ဇယားကို အခြေခံ၍ အေအက်ဖ်ပီသတင်းဌာ နက ဖော်ပြထားသည်။

            ဟားမာ့စ်တို့သည် ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းင်းတို့ထဲမှ ၁၁၁ ဦးသည် ဂါဇာ တွင် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ  ၎င်းင်းတို့ထဲမှ ၃၉ ဦးသေဆုံးခဲ့ကြောင်း အစ္စရေး  က ထုတ်ပြန်ထားသည်။

            ဂါဇာတွင် အစ္စရေး၏ လက်တုံ့ပြန်တိုက် ခိုက်မှု စစ်ဆင်ရေးကြောင့် လူ ၃၉၄၀၀ ထက် မနည်း သေဆုံးခဲ့သည်ဟု ဟားမာ့စ်၏ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော် လည်း အရပ်သားနှင့် လက်နက်ကိုင်မည်မျှ သေဆုံးကြောင်း အတိအကျ ထုတ်ပြန်ထား ခြင်းမရှိပေ။

            ဇွန်လက အယ်ရှာတီဒုက္ခသည်စခန်းရှိ ဟာနီယာမိသားစုနေအိမ်ကို အစ္စရေး၏လေ ကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းင်း၏ညီမဖြစ် သူအပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့သည်ဟုအ ရပ်ဘက်ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

            ဧပြီလတွင် အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း ၎င်းင်း၏သားသုံးဦး နှင့် မြေးလေးဦး သေဆုံးခဲ့သည်။ထိုအချိန်က ဟာနီယာ၏ ပြောကြား ချက်အရ စစ်ပွဲစတင် ဖြစ်ပွားချိန်ကတည်းက ၎င်းင်း၏မိသားစုဝင် ၆၀ ခန့် သေဆုံးခဲ့ကြသည် ဟု ဆိုသည်။

            စစ်ပွဲသည် ဂါဇာကမ်းမြောင်ဒေသကို အပျက်အစီးများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် စေသည့်အပြင် လူသားချင်းစာနာထောက် ထားမှု အကျပ်အတည်းတစ်ရပ်ကိုပေါ်ပေါက် စေခဲ့သည်။

            တိုက်ခိုက်မှုများ စတင်ဖြစ်ပွားချိန်က တည်းက ဟာနီယာသည် သံတမန်ရေးခရီး စဉ်အများအပြားကို သွားရောက်ခဲ့သည်။

            ၎င်းင်းသေဆုံးချိန်တွင် သူသည် အီရန် သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်၏ ဇူလိုင်၃၀ ရက်တွင် ပြုလုပ်သည့်ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန်တီဟီရန်မြို့ တော်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ဟာနီ ယာသည် အီရန်တွင်ပီဇက်ရှ်ကီယန်အပြင် အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာတို လာအလီခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

            ဇန်နဝါရီလက လက်ဘနွန်တွင်လေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တစ်ခု အတွင်း ဟားမာ့စ်လက်ထောက်ခေါင်းဆောင် ဆာ လာအယ်အရူရီ သေဆုံးခဲ့သည်။၎င်းင်းသေဆုံး မှုနှင့်ပတ်သက်၍ ဟာနီယာက”ငါတို့လူမျိုးနဲ့ ငါတို့ဂုဏ်သိက္ခာအတွက် ခေါင်းဆောင်တွေ နဲ့ တည်ထောင်သူတွေဟာ အာဇာနည်အဖြစ် ကျဆုံးခဲ့ကြရပါတယ်။ငါတို့တွေဘယ်တော့မှ  မရှုံးဘူး”ဟု ရုပ်မြင်သံကြားမိန့်ခွန်းတွင်ပြော ကြားခဲ့သည်။

           

တီဟီရန်မြို့တော်တွင် လုပ်ကြံခံရမှု

            ဟာနီယက်သည် ၂၀၁၇ ခုနှစ်ကတည်း က အခြေချခဲ့သည့် ကာတာတွင် ဟားမာ့စ်၏နိုင်ငံရေးအဖွဲ့ခွဲကို ဦးဆောင်ခဲ့သည်။အစ္စရေး သည် ကာတာနှင့် ရင်းနှီးဖော်ရွေသောဆက် ဆံရေးတစ်ရပ်ကို ထိန်းထားပြီး ယင်းနိုင်ငံတွင် ဟားမာ့စ်ခေါင်းဆောင်များကို တိုက်ခိုက်ခဲ့ ခြင်းမရှိပေ။

            အီရန်နိုင်ငံ၏မြို့တော်တွင် မဟာမိတ် အဖွဲ့တစ်ဖွဲ့၏ခေါင်းဆောင်ကို မကာကွယ် နိုင်ခဲ့ခြင်းသည်အီရန်အတွက် ဆိုးရွားသော လုံခြုံရေးကျိုးပေါက်မှုတစ်ခုဖြစ်သည်။ယင်း နှင့်ပတ်သက်၍ အီရန်၏ထိပ်သီးခေါင်း ဆောင်များ၏ လုံခြုံရေးနှင့် ၎င်းင်းတို့ကိုပစ်မှတ် ထားနိုင်သည့် အစ္စရေး၏ စွမ်းဆောင်ရည်အ ပေါ် မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။

            အစ္စရေးသည် လတ်တလောနှစ်များအ တွင်း အီရန်တွင် အထင်ကရလူပုဂ္ဂိုလ်များကို လုပ်ကြံမှုအများအပြား ရှိလာခဲ့သည့်အတွက် သတိပေးချက်များ ထွက်ပေါ်လျက်ရှိကာလုံခြုံ ရေးကို အလုံးစုံစစ်ဆေးလုပ်ဆောင်သွားရန် တောင်းဆိုမှုများ ထွက်ပေါ်နေသည်။

            အီရန်နှင့်အစ္စရေးတို့သည် ကြားခံအဖွဲ့ များနှင့် ပစ်မှတ်ထားလုပ်ကြံမှုများမှ တစ်ဆင့် နှစ်ပေါင်းများစွာကြာ လက်သိပ်ထိုးစစ်ပွဲတစ် ရပ် ဆင်နွှဲလာခဲ့ကြသည်။ဧပြီလက အစ္စရေး သည် ဆီးရီးယားရှိ အီရန်တပ်မှူးများကိုလေ ကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကအစ္စ ရေးကို ဒုံးကျည်ရာနှင့်ချီ၍ ပစ်ခတ်ခဲ့သည်။

 

အပစ်အခတ်ရပ်စဲရေးအပေါ်သက်ရောက်မှု

            ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား အရေးပါသော ပြဿနာအများအပြားနှင့်ပတ်သက်၍သ ဘောထားကွာဟချက်များရှိနေသော်လည်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက်လ ပေါင်းများစွာကြာ ဆွေးနွေးမှုများတွင်တိုး တက်မှုရှိကြောင်း တာဝန်ရှိသူများကပြော ကြားခဲ့သည်။

            စေ့စပ်ညှိနှိုင်းမှုတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဟာနီယာသေဆုံးမှု သည် သဘောတူညီချက်တစ်ရပ်ရရှိရန်အ လားအလာတစ်ရပ်မှာ ပို၍ပင်ဝေ၀ါးလာခဲ့ သည်။

            အပစ်အခတ်ရပ်စဲရေးအတွက်ကြားဝင် စေ့စပ်ပေးသည့်အဓိကနေရာမှ တာဝန်ယူ ထားသော ကာတာနိုင်ငံက ဟာနီယာ၏သေ ဆုံးမှုနှင့်ပတ်သက်၍ အကျည်းတန်သောပြစ် မှုတစ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကာ  အခြေအနေများပိုမိုပြင်းထန်လာနိုင်သည်ဟု သတိပေးခဲ့သည်။

            “အစ္စရေးက ဂါဇာရှိ အရပ်သားတွေကို ဆက်တိုက်ပစ်မှတ်ထားနေတာဟာ ဒေသ တွင်း ပရမ်းပတာအခြေအနေတစ်ခုဆီတွန်း ပို့နေတာဖြစ်ပါတယ်”ဟုကာတာနိုင်ငံခြား ရေးဝန်ကြီးက ဇူလိုင်၃၁ ရက်တွင်ပြောကြား ခဲ့သည်။                    

Ref: AFP / NY Times

Most Read

Most Recent