■ ဘောလုံးရဲ့အမှောင်ဘက်အခြမ်း- ၂

■ ဘောလုံးရဲ့အမှောင်ဘက်အခြမ်း- ၂
Photo : Daily Mail
Photo : Daily Mail
Published 31 July 2024
Chan Myae

မှတ်တမ်းမှတ်ရာတွေအရပြောမယ်ဆိုရင် အသက် (၉) နှစ်အရွယ်အထိ ဘောလုံးအကယ်ဒမီတွေမှာ လေ့ကျင့်ခွင့်ရတဲ့ ကစားသမားတွေထဲက (ဝ.၅) ရာခိုင်နှုန်းကသာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်လာကြပြီး ကျန် (၉၉.၅) ရာခိုင်နှုန်းဟာ ဘောလုံးနယ်ပယ်ပြင်ပကို ရောက်ရှိခဲ့ကြတာ များပါတယ်။ ကစားသမားဖြစ်သွားကြတာခြင်း အတူတူလည်း (ဝ.၅) ရာခိုင်နှုန်းထဲက အလွန်နည်းပါးတဲ့ ကစားသမားအုပ်စုလေးလောက်သာ ထိပ်တန်းအသင်းတွေမှာ ကစားသမားဖြစ်လာကြတာဖြစ်ပြီး ကျန်တော်တော်များများက အသင်းငယ်တွေဆီကို ရောက်သွားတတ်ကြတယ်။ ဘောလုံးဟာ ပိရမစ်ပုံစံ တည်ဆောက်မှုဖြစ်သလို ကစားသမားတွေဟာ ပိရမစ်အောက်ခြေကိုလွင့်ကျသွားကြတာ များပါတယ်။

 

Most Read

Most Recent