ကရင်ပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် မြို့ခုနစ်မြို့တွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၂၈၀၀၀ ကျော်ရှိ

ကရင်ပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် မြို့ခုနစ်မြို့တွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၂၈၀၀၀ ကျော်ရှိ
Published 31 July 2024

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများ ကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့ များတွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၂၈၀၀၀ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းကာ မြစ်ရေ ချောင်းရေများ မြင့်တက် လာသည့်အတွက် ဇူလိုင် ၂၅ ရက်မှစ၍ အနိမ့် ပိုင်း လူနေရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်၍ ပြည်သူများကို ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ထိုသို့နေရာချပေးရာတွင် ကရင်ပြည် နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် မြစ်ရေချောင်းရေများမြင့်တက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားရာ ဘားအံ၊ လှိုင်း ဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့များတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းအထိ ယာယီကယ်ဆယ်ရေးစခန်း ပေါင်း ၆၀ ခုနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ် များတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ် ထောင်စုပေါင်း ၇၃၅၀ ရှိပြီး လူဦးရေ နှစ် သောင်းရှစ်ထောင်ကျော် ပြောင်းရွှေ့နေထိုင် ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်ကလည်း ပြည်နယ်ဝန် ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့် သူများအား စားသောက်ကုန်ပစ္စည်းများ သွား ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘား အံ-လှိုင်းဘွဲကားလမ်းမကြီးနှင့်လှိုင်းဘွဲမြို့တွင်းလမ်းပိုင်း အနိမ့်ပိုင်းနေရာများတွင် ရေ ကြီးရေလျှံမှုကြောင့် ရေကျော်နေမှုနှင့် လမ်း ထိခိုက်မှုအခြေအနေ၊ လမ်းဘေးဝဲယာရှိ စိုက် ပျိုးပြီး မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်ထိ ခိုက်ပျက်စီးမှုအခြေအနေများကို မော်တော် ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အ ဖွဲ့သည် လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမနှင့်မြို့ မဂျာမေဗလီ ရေဘေးကယ်ဆယ်ရေးစခန်းတို့ တွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေး သင့်ပြည်သူများအား အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးကို ကြိုတင်မျှော်တွေးတွက်ဆ၍ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင်ကျင်းပ ပြီး ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန်၊ အရေး ပေါ်တုံ့ပြန်နိုင်ရန်နှင့် ရေဘေးသင့်ပြည်သူ များအား ကူညီထောက်ပံ့ပေးနိုင်ရန် ကြိုတင် စီမံဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ပြီး အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၄၀၂ ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ကျပ် ၈၄၄၂၀၀ တို့ကို ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများ အသင့်စားသုံးနိုင် ရန် နေ့လယ်စာ ထမင်းဘူးများ ဝေငှပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်းဘွဲမြို့ အနိမ့်ပိုင်းရပ်ကွက်များ အတွင်း ရေဝင်ရောက်မှုအခြေအနေ၊ စိုက်ပျိုး ပြီးသီးနှံများ ရေကြီးနစ်မြုပ်မှုအခြေအနေ၊ လူနေအိမ်များ ရေနစ်မြုပ်မှုအခြေအနေများ ကို စက်တပ်လှေငယ်များဖြင့် လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာရှိ Cyclone Shelter

ရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီပြောင်း‌ရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား တွေ့ဆုံခဲ့ပြီး အဆိုပါကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၂၄၆ ဦးတို့အား ဆန်၊ ဆီ၊ ခေါက် ဆွဲခြောက်၊ ကြက်ဥအစရှိသော စားသောက် ကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် ထမင်းဘူး များ ပေးဝေခဲ့ကြောင်း သိရသည်။

 

ကရင်ပြည််နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်

Most Read

Most Recent