ဘာပေ၊ ငယ်ဘဝအိပ်မက်လေးနဲ့ ပျော်ရွှင်စွာ ပေါင်းဖက်ခြင်း

ဘာပေ၊ ငယ်ဘဝအိပ်မက်လေးနဲ့ ပျော်ရွှင်စွာ ပေါင်းဖက်ခြင်း
Photos: X
Photos: X
Published 31 July 2024

ရီးယဲလ်ဟာ ဘာပေလက်ထဲက ပြန်လည်လုယူလို့မရမယ့်အိပ်မက်ကဗျာပဲ။ ဘာပေရဲ့ ဂန္ထဝင်နေ့တစ်နေ့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပိုင်ဆိုင်ချိန်မဟုတ်ဘူး။ ရီးယဲလ်ကစားသမားဘဝတရားဝင်ဖြစ်ချိန်ကသာ ဂန္ထဝင်ပိုဆန်ပါတယ်။ ရီးယဲလ်ကစားသမား ဖြစ်ချင်စိတ်အိပ်မက်ဟာ သူ့ရဲ့အဆုံးအစမဲ့ ညတွေထဲ ဖြတ်သန်းစီးဆင်းခဲ့တယ်လို့ ဘာပေဝန် ခံပါတယ်။ အာစင်ဝင်းဂါးက ဘာပေဟာ "အကန့်အသတ်မရှိ ဖြစ်ထွန်းမယ့်သူ" ဆိုပြီး နိမိတ်ဖတ်ဖူးတယ်။ မက်ဆီက ကမ္ဘာ့ဖလားရအောင် ကစားသမားဘဝ နေဝင်ချိန်အထိ စောင့်ခဲ့ရတယ်။ စီရော်နယ်လ်ဒိုက ကစားသမားဘဝနေဝင်ချိန်အထိ ကမ္ဘာ့ဖလားနဲ့ ရေစက်မဆုံခဲ့ဘူး။ ဘာပေက ခပ်ငယ်ငယ်ဘဝမှာပဲ ကမ္ဘာ့ဖလား ပိုင်ဆိုင်ထားပြီးပြီ။ သူ့အတွက် အရေးပေါ်လိုအပ်တာ ချန်ပီယံလိဂ်ပဲ။ ဘာပေရဲ့ Ballon d'Or ဆုဆီ သွားရာလမ်းမှာ နောက်ဆုံးကျန်ရစ်နေတဲ့ဂျစ်ဆောက ချန်ပီယံလိဂ်ပါပဲ။

 

Most Recent