ဝမ်ဘစ်ဆာကာနှင့် ဒမ်ဖရိုင်းစ်ကို အလဲအထပ်ပြုလုပ်ရန် မန်ယူအသင်း ဆွေးနွေးနေ

ဝမ်ဘစ်ဆာကာနှင့် ဒမ်ဖရိုင်းစ်ကို အလဲအထပ်ပြုလုပ်ရန် မန်ယူအသင်း ဆွေးနွေးနေ
Photo: Getty Images
Photo: Getty Images
Published 26 July 2024

မန်ယူအသင်းသည် အင်္ဂလန်နောက်ခံလူ ဝမ်ဘစ်ဆာကာကို အင်တာမီလန်အသင်းမှ နယ်သာလန်နောက်ခံလူ ဒမ်ဖရိုင်းစ်နှင့် အလဲအထပ်ပြုလုပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။

မန်ယူအသင်းသည် ဝမ်ဘစ်ဆာကာ (၂၆ နှစ်)၏ ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့်ရာသီကတည်းက ရောင်းထုတ်ရန် စီစဉ်ခဲ့ပြီး လက်ရှိအချိိန်တွင်မူ ဒမ်ဖရိုင်းစ်နှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်သည်။

ဒမ်ဖရိုင်းစ်(၂၈ နှစ်)သည် မန်ယူနည်းပြ တန်ဟက်ဂ် သဘောကျသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသူဖြစ်သောကြောင့် မန်ယူအသင်းက ဝမ်ဘစ်ဆာကာနှင့် အလဲအထပ်ပြုလုပ်ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ မော်ရိုကိုနောက်ခံလူ မာဇရာအူယီကို ဦးစားပေးခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသည့်အတွက် ဒမ်ဖရိုင်းစ်ကို ပြောင်းလဲပစ်မှတ်ထားလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်လာပြီဖြစ်သည့် ဝမ်ဘစ်ဆာကာနှင့် သေချာပေါက်လမ်းခွဲမည်ဟု သိရသည်။

Most Read

Most Recent