ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ဘီးလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်ကြသူတချို့ ယာယီပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိ

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ဘီးလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်ကြသူတချို့ ယာယီပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိ
Published 25 July 2024

ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းတာချက်များ အရ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၀၂၂ စင်တီမီတာအား ကျော်လွန်၍ ၁၀၂၅ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသည့် အတွက်ကြောင့် ဘီးလင်းမြို့ပေါ်ရှိ အနိမ့် ပိုင်း ရပ်ကွက်တွင်နေထိုင်ကြသူတချို့ ယာယီ ပြောင်းရွှေ့မှုများလုပ်ဆောင်လျက်ရှိ ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရ သည်။

ထိုအခြေအနေကြောင့် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် နှင့် ဘီးလင်းမြစ်ကမ်း ဘေးတွင်နေအထိုင်သူတချို့မှာ ယာယီရေဘေးရှောင်စခန်းများသို့စတင်ပြောင်းရွှေ့ နေကြပြီးဖြစ်ကြောင်း ဘီးလင်းမြို့ခံတစ်ဦး က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီနေ့ နေ့လည် ပိုင်း အထိကို မိုးကကောင်းနေတုန်း။ အဲ့ဒီ တော့ ဘီးလင်းမြစ်ရေကလည်း ဆက်ပြီး တက်လာနိုင်ခြေရှိတယ်။ လောလောဆယ် အနိမ့်ပိုင်းရပ်ကွက်တွေကတော့ ရေဘေး ရှောင် စခန်းတွေကို စပြောင်းနေကြပြီ” ဟု ပြောကြားသည်။

လက်ရှိတွင် ဘီးလင်းမြို့ ကန်သာယာ ရပ်ကွက်မှ  လူဦးရေ ၈၀ ခန့်မှာ ဘီးလင်းမြို့ နယ် အားကစားရုံတွင် ခေတ္တပြောင်းရွှေ့နေထိုင်နေကြကြောင်းလည်း လူမှုကူညီကယ် ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“လတ်တလောမှာ ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးကတော့ ရေကျော်တာမျိုး မရှိသေးပါဘူး။သွားလို့လာလို့ ရပါသေး တယ်” ဟု ဘီးလင်းမြို့ခံလူမှုကူညီကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အလားတူ ဘီးလင်းမြစ်အောက်ပိုင်း ရှိဒေသရှိ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုအတွင်းတွင်လည်း ကြီးရေလျှှမှုများ ဖြစ် ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှု များလုပ်ဆောင်နေကြပြီးဖြစ်ကြောင်း ယင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။ 

Most Read

Most Recent