ရာသီသစ်တွင် ဒဏ်ရာကင်းစင်စွာဖြင့် ကစားနိုင်ရန် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် မျှော်လင့်နေ

ရာသီသစ်တွင် ဒဏ်ရာကင်းစင်စွာဖြင့် ကစားနိုင်ရန် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် မျှော်လင့်နေ
Photo: X
Photo: X
Published 25 July 2024

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က မိမိအနေဖြင့် ရာသီသစ်တွင် ဒဏ်ရာပြဿနာကင်းစင်စွာဖြင့် ကစားနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား ရီးစ်ဂျိမ်းစ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။

ထို့ကြောင့် ရီးစ်ဂျိမ်းစ်က မိမိ၏တစ်ခုတည်းသော ရည်မှန်းချက်မှာ ရာသီသစ်တွင် ဒဏ်ရာပြဿနာကင်းစင်စွာဖြင့် ကစားနိုင်ရေးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရီးစ်ဂျိမ်းစ်က ''ကျွန်တော့်မှာ ရည်မှန်းချက်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ရာသီသစ်မှာ ကွင်းအတွင်း ဒဏ်ရာပြဿနာကင်းစင်စွာနဲ့ ကစားနိုင်ဖို့ပါပဲ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရီးစ်ဂျိမ်းစ်က မိမိအနေဖြင့် ခြေစွမ်းပိုင်း ယခုထက်ပိုမိုတိုးတက်အောင်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော့်အနေနဲ့ အခုထက်ပိုပြီးတိုးတက်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်က အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပြီး တစ်ခါတလေ အဲဒါက ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ ပြဿနာဖြစ်စေပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီချင်ပြီး လာမယ့်ရာသီသစ်မှာ အမှားတွေ မကျူးလွန်မိအောင် ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ 

Most Read

Most Recent