■ ဘရန်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေး စပါးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ     

■ ဘရန်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေး စပါးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

ဘရန့်ဖို့ဒ်အသင်းမှ အင်္ဂလန်အသင်း၏ တိုက်စစ်မှူး အီဗန်တိုနေးသည် စပါးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။ 

အီဗန်တိုနေး(၂၈ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လောင်းကစားမှုဖြင့် (၈)လကြာ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသော်လည်း ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိခဲ့သည်။ 

၎င်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရသည်။ သို့သော် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် တိုနေးအား ခေါ်ယူလိုသည့်အသင်း နည်းပါးသွားခဲ့သည်။ 

အစောပိုင်းတွင် အာဆင်နယ်၊ ချယ်လ်ဆီး စသည့် လန်ဒန်ထိပ်သီးအသင်းများနှင့် သတင်းထွက်ခဲ့သော်လည်း ယခုအခါ စပါးအသင်းသို့ ရောက်ရှိရန် ပိုမိုနီးစပ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent