ချယ်လ်ဆီးနှင့် ဆုဖလားများ ရယူရန် မာရက်စကာ ပစ်မှတ်ထား

ချယ်လ်ဆီးနှင့် ဆုဖလားများ ရယူရန် မာရက်စကာ ပစ်မှတ်ထား
Photo: Enzo Maresca X
Photo: Enzo Maresca X
Published 25 July 2024

ချယ်လ်ဆီးနည်းပြသစ် မာရက်စကာက အသင်းနှင့်အတူ ဆုဖလားများ ရယူရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

မာရက်စကာ(၄၄ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကမှ ပရိုနည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး လက်စတာအသင်းကို လိဂ်ချန်ပီယံရှစ်ဖလား ရယူပေးခဲ့သူဖြစ်သည်။

ထို့ကြောင့် ၎င်းသည် ယခုနွေတွင် ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

မာရက်စကာက ''ကျွန်တော် ချယ်လ်ဆီးအသင်းကို ရောက်လာတာက အသင်းပိုင်ရှင်သစ်တွေနဲ့ တူညီတဲ့ရည်မှန်းချက်ရှိလို့ပါ။ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်မယ်ဆိုရင် ဆုဖလားယူနိုင်ဖို့ ကြိုးစားရမှာပါ။ ဘယ်တော့ရမလဲတော့ မပြောတတ်ပေမဲ့ အမြန်ဆုံးဖြစ်အောင် ကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent