ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်ရောက်ရှိနေ
Published 23 July 2024

ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ် အထက် အသီးသီးကျော်လွန်ရောက်ရှိနေ ကြောင်း ဇူလိုင် ၂၃ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၂၃ ရက် မွန်း လွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ် ၇၀ ဒသမ ၅၄ ပေအထက်သို့ ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက်လည်းကောင်း၊ ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ် ၆၉ ဒသမ ၅၅ ပေအထက်သို့ တစ်ပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်ကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့တွင် စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေအ ထက်သို့ နှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ် အထက်လည်းကောင်း၊ ဟင်္သာတမြို့တွင် စိုး ရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေအထက်သို့ နှစ် ပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အ ဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေ မှတ်အထက်လည်းကောင်း၊ ဇလွန်မြို့တွင် စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေအထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆို ပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံး လက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ် အထက်လည်းကောင်း အသီးသီးဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ တွင် စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် လာမည့်သုံးရက်အတွင်း စိုးရိမ် ရေမှတ်အထက်လည်းကောင်း၊ သာပေါင်းမြို့ တွင် စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေအထက် သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအတွက်ကြောင့် ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်၊ သာပေါင်း၊ ဆိပ်သာနှင့် ငါး သိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အ ထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထား ကြောင်း သိရသည်။

Most Read

Most Recent