ကာမလာဟဲရစ်၏ စည်းရုံးရေးအတွက် အလှူရှင်များက ၂၄ နာရီအတွင်း ကန်ဒေါ်လာ ၈၁ သန်း စံချိန်တင် လှူခဲ့

ကာမလာဟဲရစ်၏ စည်းရုံးရေးအတွက် အလှူရှင်များက ၂၄ နာရီအတွင်း ကန်ဒေါ်လာ ၈၁ သန်း စံချိန်တင် လှူခဲ့
Photo-AFP
Photo-AFP
Published 23 July 2024

အိမ်ဖြူတော်ရောက်ရှိရေးပြိုင်ပွဲမှ ဂျိုးဘိုင်ဒင် နုတ်ထွက်ခဲ့ကာ ဒုတိယသမ္မတကာ မလာဟဲရစ်ကို ထောက်ခံချက်ပေးခဲ့ပြီးနောက်ပိုင်း ဟဲရစ်၏စည်းရုံးအရေးအတွက် ဒီမိုကရက်တစ်ပါတီ အလှူရှင်များက ၂၄ နာရီအတွင်းတွင် စံချိန်တင်ပမာဏကိုလှူခဲ့သည်ဟု ဇူလိုင် ၂၂ ရက်တွင် စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။

“ဟဲရစ်အဖွဲ့ဟာ ပထမဆုံး ၂၄ နာရီအတွင်းမှာ ဒေါ်လာ ၈၁ သန်းရရှိခဲ့ ပါတယ်။ ဒီရွေးကောက်ပွဲကာလအတွက် စုဆောင်းထားတဲ့ လက်ရှိ ဒေါ်လာသန်း ၂၅၀ ထဲကို ဖြည့်စွက်လိုက်တာဖြစ်ပါတယ်”ဟု ဒီမို ကရက်စည်းရုံးရေးအဖွဲ့ကထုတ်ပြန်ခဲ့ပြီး ထိုပမာဏသည် သမ္မတရွေးကောက်ပွဲသမိုင်းတွင် ၂၄ နာရီအတွင်း အများဆုံးရရှိသော ပမာဏဖြစ်သည်ဟု ဆိုသည်။

 အသက် ၅၉ နှစ်အရွယ်ရှိ ဟဲရစ်သည် သမ္မတဂျိုးဘိုင်ဒင်၏ထောက်ခံချက်ကို ရရှိခဲ့ပြီးနောက် ဒီမိုကရက် အများအပြား၏ ထောက်ခံမှုကိုရရှိထားသည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီကလည်း ဒုတိယသမ္မတဟဲရစ်ကို ထောက်ခံထားသည်။

သို့ရာတွင် ရီပတ်ဘလီကင်ပြိုင်ဘက် သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ယှဉ်ပြိုင်မည့်ဒီမိုကရက် သမ္မတလောင်းကိုရွေးချယ်ရန် ပွင့်လင်းသော ပြိုင်ပွဲတစ်ရပ်ပြုလုပ်ရေးအတွက် တောင်းဆိုနေသော အလှူရှင်အချို့ကို ဟဲရစ်ကစည်းရုံးရန် လိုအပ်နေဆဲဖြစ်သည်။ အလှူငွေများ ထပ်မံရရှိလာဦးမည်ဟု စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။                        

Ref: AFP

Most Read

Most Recent