ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံမည်ဆိုပါက ဂါဇာဒေသသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ရန်အသင့်ရှိကြောင်း အင်ဒိုနီးရှား၏ ရွေးကောက်ခံသမ္မတ ပြောကြား

ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံမည်ဆိုပါက ဂါဇာဒေသသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ရန်အသင့်ရှိကြောင်း အင်ဒိုနီးရှား၏ ရွေးကောက်ခံသမ္မတ ပြောကြား
ဇွန် ၁ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက မိန့်ခွန်းပြောကြားနေစဉ်
ဇွန် ၁ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက မိန့်ခွန်းပြောကြားနေစဉ်
Published 3 June 2024

ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုလက်ခံမည်ဆိုပါက အင်ဒိုနီးရှားသည် ဂါဇာသို့ ငြိမ်းချမ်းရေးထိန်း သိမ်းရေးတပ်ဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများစေလွှတ်ရန် အသင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသည့် ပရာဘိုဝို ဆူဘင်ယန်တိုက ဇွန် ၁ ရက်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၏ တောင်ဘက်ရာဖာမြို့တွင် မည်သည့်တိုက်ခိုက်မှုမျှ မပြုလုပ်ရန် နိုင်ငံတကာ၏ ကန့်ကွက်မှုများရှိခဲ့သည့်တိုင် အစ္စရေးစစ်သားများသည် ရာဖာဒေသအလယ်ပိုင်းအထိ ဝင်ရောက်နေချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂါဇာတွင် ထာဝရ ငြိမ်းချမ်းရေးအတွက် အစ္စရေးက ရေးဆွဲထားသည့် လမ်းပြမြေပုံကို ကြေညာခဲ့သည်။

ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် အောက်တိုဘာလတွင် လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒို၏ နေရာကိုဆက်ခံမည့် ကာကွယ်ရေးဝန်ကြီးပရာဘိုဝိုက အဆိုပါအစီအစဉ်ကို ကြိုဆိုခဲ့ပြီး စစ်ပွဲကို အဆုံးသတ်စေမည့် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ တောင်းဆိုခဲ့မည်ဆိုပါက အင်ဒိုနီးရှားသည် ဂါဇာသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ပြီး အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန်နှင့် စောင့်ကြည့်ရန် ပြင်ဆင်ထားကြောင်း ပရာဘိုဝိုက စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“နှစ်ဖက်စလုံးရဲ့ သဘောတူညီမှုကိုရရှိမယ်ဆိုရင် ဂါဇာက ဆေးရုံတွေ လည်ပတ်စေဖို့အတွက် ဆေးဘက်ဆိုင် ရာဝန်ထမ်းတွေကိုလည်း ချက်ချင်းပို့ဆောင်ပေဖို့ ပြင်ဆင်ထားပါတယ်”ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ချက်ချင်းဆိုသကဲ့သို့ ဂါဇာဒေသ၏ ဆေးရုံများရှိ လူနာ ၁၀၀၀ ခန့်ကို အင်ဒိုနီးရှားနိုင်ငံအတွင်း လွှဲပြောင်းရယူကာ လက်ခံကုသပေးရန်လည်း အဆင်သင့်ရှိကြောင်း ပရာဘိုဝိုက ပြောသည်။

“သက်ဆိုင်တဲ့အဖွဲ့တွေရဲ့ အကျိုးစီးပွားတွေအတွက် ကျွန်တော်တို့ဟာ စစ်မှန်ပြီး တာရှည်ခံတဲ့ အဖြေတစ်ခုကို ရရှိဖို့ အကောင်းဆုံးလုပ်ဆောင်သွားရပါမယ်”ဟု ပရာဘိုဝိုက ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်လာသည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ အစီအစဉ်ကို အပြုသဘောဆောင်သည့်ဘက်မှ စဉ်းစားနေကြောင်း ဇွန် ၃၁ ရက်က ပြောကြားခဲ့သည်။

အစ္စရေး၏ အဆိုပြုချက်သည် သီတင်းခြောက်ပတ်ကြာ အလုံးစုံအပစ်အခတ်ရပ်စဲမှုဖြင့် စတင်လိမ့်မည်ဖြစ်ပြီး ဂါဇာဒေသ၏ လူနေထူထပ်သည့်နေရာများမှ အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းမှုပါဝင်ကြောင်း ဘိုင်ဒင်က ပြောကြား ခဲ့သည်။အပြန်အလှန်အနေဖြင့် ဟားမာ့စ်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လွှတ်ပေးရမည် ဖြစ်သည်။

ဟားမာ့စ်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေး အရပ်သားအများစု အပါအဝင် လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ပြီး  လူပေါင်း ၂၅၀ ခန့်ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရ သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ကလေးများနှင့် အမျိုးသမီးအများစုအပါအဝင် လူပေါင်း ၃၆၂၀၀ ကျော်သေဆံးခဲ့သည်ဟု ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

                                               Ref:AFP

Most Read

Most Recent