အသင်းမှ ကစားသမား (၇)ဦးထွက်ခွာသွားပြီးနောက် ယခုရက်သတ္တပတ်အတွင်း ကစားသမားသစ်နှစ်ဦး ခေါ်ယူစာချုပ်နိုင်မည်ဟု အက်သလက်တီကို ယုံကြည်နေ

အသင်းမှ ကစားသမား (၇)ဦးထွက်ခွာသွားပြီးနောက် ယခုရက်သတ္တပတ်အတွင်း ကစားသမားသစ်နှစ်ဦး ခေါ်ယူစာချုပ်နိုင်မည်ဟု အက်သလက်တီကို ယုံကြည်နေ
Photo : Getty Images
Photo : Getty Images
Published 22 July 2024

လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုအသင်းသည် လက်ရှိ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမား (၇)ဦးအထိ ထွက်ခွာသွားခဲ့ပြီးနောက် ယခုရက်သတ္တပတ်အတွင်း ကစားသမားသစ်နှစ်ဦး ခေါ်ယူစာချုပ်ချုပ်နိုင်မည်ဟု ယုံကြည်ထားကြောင်း သိရှိရသည်။

အက်သလက်တီကိုအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မဖွင့်လှစ်မီကတည်းက အသင်းလူစာရင်းအား ကြီးမားသည့် အပြောင်းအလဲများပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် ကစားသမားများ ဆက်တိုက်ထွက်ခွာနေခြင်းကြောင့် ပရိသတ်များ၏ စောင့်ကြည့်ဝေဖန်မှုကို ခံနေရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

စပိန်လာလီဂါ၏ ၂၀၂၄ နွေဈေးကွက်စတင်ဖွင့်လှစ်သည့် ဇူလိုင် (၁)ရက်နေ့မှ (၁၉)ရက်နေ့အတွင်း အက်သလက်တီကိုအသင်းသည် ကစားသမား (၇)ဦးကို ထွက်ခွာခွင့်ပြုခဲ့ပြီး ဗီတိုလို၊ ဒီပိုင်း၊ ဂါဘရီယဲလ်၊ ဟာမိုဆို (စာချုပ်သက် တမ်းကုန်ဆုံးခဲ့သူများဖြစ်)နှင့် ဆိုယွန်ဂျူ (ဖီနာဘာချီသို့)၊ ဆာအူလ် (ဆီဗီလာသို့အငှား)၊ မိုရာတာ (အေစီမီလန်သို့)  တို့ပါဝင်ခဲ့သည်။

ထို့ကြောင့် အက်သလက်တီကို အသင်းတာဝန်ရှိသူများအနေဖြင့် လက်ရှိတွင် ကစားသမားသစ်ခေါ်ယူ မှုများအတွက် ပြန်လည်အာရုံစိုက်နေပြီး ဖီယင်နုအသင်းမှ ဆလိုဗက်ကီး ယားနောက်ခံလူ ဟာနန်ကို၊ ဂျီရိုနာ အသင်းမှ ယူကရိန်းတိုက်စစ်မှူး ဒေ့ါဗ်ဘိခ်နှင့် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ မီခေးလ်မယ်ရီနိုတို့ထဲမှ အနည်းဆုံးနှစ်ဦးအား တရားဝင်ခေါ်ယူ စာချုပ်ချုပ်ဆိုနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

Most Read

Most Recent