■ အိုဆင်မန်ကို ခေါ်ယူရန် အယ်လ်အာလီနှင့် အယ်လ်ဟီလာတို့ အသင့်ရှိနေ     

■ အိုဆင်မန်ကို ခေါ်ယူရန် အယ်လ်အာလီနှင့် အယ်လ်ဟီလာတို့ အသင့်ရှိနေ     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

ဆော်ဒီကလပ် အယ်လ်အာလီနှင့် အယ်လ်ဟီလာအသင်းတို့သည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။

    

အိုဆင်မန်(၂၅ နှစ်)သည် လက်ရှိအချိန်၌ ပြင်သစ်ထိပ်သီးကလပ် PSG အသင်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်နေသော်လည်း နာ ပိုလီအသင်း အလိုရှိသည့် ပြောင်းရွှေ့ကြေးကို PSG အသင်းက ပေးချေလိုခြင်းမရှိဘဲ ဖြစ်နေသည်။ 

ထို့ပြင် PSG အသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် အိုဆင်မန်ကို မခေါ်ယူမီ ဟယ်မို့စ်နှင့် မူအာနီတို့ကို ရောင်းထုတ်ရန်လည်း စီစဉ်နေသည်။

နာပိုလီအသင်း သည် အိုဆင်မန်ကို ယူရိုသန်း(၁၃၀)တန် လျော်ကြေးစာချုပ်ချုပ်ဆိုထားပြီး အဆိုပါပမာဏအတိုင်း မရရှိလျှင်ပင် အနည်းဆုံး ယူရိုသန်း(၁၀၀) ရရှိရန် လိုလားနေကြောင်း သိရသည်။

    

ထို့ကြောင့် PSG အသင်းက အိုဆင်မန်အား ခေါ်ယူရန် အခက်တွေ့နေချိန်၌ အယ်လ်အာလီနှင့် အယ်လ်ဟီလာတို့က အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ 

အဆိုပါအသင်းနှစ်သင်းစလုံးက နာပိုလီအသင်း အလိုရှိသည့် ပြောင်းရွှေ့ကြေးကို ပေးချေသွားရန် အသင့်ရှိနေကြောင်းလည်း သိရသည်။ 

သို့သော် အိုဆင်မန်သည် ဥရောပတွင်သာ ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိနေပြီး PSG နှင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရန် မျှော်လင့်နေကြောင်း သိရသည်။

Most Read

Most Recent