ဂျူဗင်တပ်စ်အသင်း၏ အထွေထွေမန်နေဂျာ မာရော့တာက အသင်းနည်းပြ အယ်လီဂရီအနေဖြင့် PSG အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
PSG အသင်းသည် လာမည့်နွေရာသီတွင် နည်းပြအပြောင်း အလဲပြုလုပ်ဖွယ်ရှိနေပြီး အယ်လီဂရီကို ပစ်မှတ်ထားလျက်ရှိကြောင်း အီတလီနာမည်ကြီးသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့သည်။
မာရော့တာကမူ ''အယ်လီဂရီက ကျွန်တော်တို့နဲ့ နှစ်ရှည်စာချုပ်ရှိနေပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးကလည်း ကောင်းမွန်နေပြီး သူအသင်းကနေ ထွက်ခွာစရာအကြောင်းမရှိပါဘူး'' ဟု ဆိုခဲ့သည်။