■ ဆိုစီဒက်ကွင်းလယ်ကစားသမား မယ်ရီနိုအား ကမ်းလှမ်းရန် အာဆင်နယ် အသင့်ရှိ     

■ ဆိုစီဒက်ကွင်းလယ်ကစားသမား မယ်ရီနိုအား ကမ်းလှမ်းရန် အာဆင်နယ် အသင့်ရှိ     
Published 19 July 2024

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား မယ်ရီနိုအား ကမ်းလှမ်းရန်အသင့်ရှိနေကြောင်း သိရသည်။ 

မယ်ရီနို (၂၈ နှစ်)သည် ပြီးခဲ့သည့်ရာသီက ဆိုစီဒက်အသင်းတွင် ခြေစွမ်းပြခဲ့သူဖြစ် ပြီး ၎င်းကိုခေါ်ယူရန် ဘာစီလိုနာနှင့် အက်စတွန်ဗီလာအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဆိုစီဒက်အသင်းနှင့်ချုပ်ဆိုထားသည့် မယ်ရီနို၏လက်ရှိစာချုပ် သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာယူရိုသန်း (၅၀) ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် မယ်ရီနိုကို ခေါ်ယူနိုင်ရန်အတွက် တစ်သက်တာစာချုပ်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent