ဘာပေပေါင်းစပ်မှုနဲ့ ဘာနေဗျူးရဲ့ တတိယမြောက် ဂလက်တီကို

ဘာပေပေါင်းစပ်မှုနဲ့ ဘာနေဗျူးရဲ့ တတိယမြောက် ဂလက်တီကို
Photo : Getty Images
Photo : Getty Images
Published 18 July 2024
Phoe Thar

ပြီးခဲ့တဲ့ ဇူလိုင် (၁၆)ရက်နေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ကစားသမားသစ်ဘာပေကို တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး၊ ပရိသတ်တွေနဲ့ ဘောလုံးကမ္ဘာဆီကို မိတ်ဆက်ကြေညာခဲ့တယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတစ်သင်းနဲ့ မော်ဒန်ခေတ် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်သူတို့ရဲ့ ပေါင်းစည်းမှုဟာ အရာရာခမ်းနားခြင်းအတိပါပဲ။ ဘာနေဗျူးကွင်းသစ်ကြီးထဲပြုလုပ်ခဲ့တဲ့ ဒီမိတ်ဆက်ပွဲကို ပရိသတ် (၈၀၀၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့တယ်။ ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက် ကွင်းတွင်းပရိသတ်အများဆုံး ကစားသမားသစ်မိတ်ဆက်ပွဲအဖြစ် မှတ်တမ်းဝင်ထားတဲ့ စီရော်နယ်လ်ဒို (၂၀၀၉၊ ရီးယဲလ် မက်ဒရစ်)ရဲ့စံချိန်ကို လိုက်မီနိုင်ခဲ့တာပါ။ ဒါ့ပြင် ဒီမိတ်ဆက်ပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရှုသူ (၃.၂)ဘီလီယံအထိရှိခဲ့ပြီး မက်ဆီ (၃.၅ ဘီလီယံ၊ ၂၀၂၃ ခုနှစ်/အင်တာမိုင်ယာမီ)ရဲ့ နောက် ဒုတိယအများဆုံးသောအရေအတွက်ဖြစ်ခဲ့တယ်။

 

Most Read

Most Recent