ဂျော်အိုနေးဗက်စ်ကို PSG အသင်း ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေသော်လည်း ယူရိုသန်း(၁၂၀)အထိ ဘင်ဖီကာအလိုရှိနေ

ဂျော်အိုနေးဗက်စ်ကို PSG အသင်း ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေသော်လည်း ယူရိုသန်း(၁၂၀)အထိ ဘင်ဖီကာအလိုရှိနေ
Photo: UEFA
Photo: UEFA
Published 16 July 2024

PSG အသင်းသည် ဘင်ဖီကာအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်ကို ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေသော်လည်း ဘင်ဖီကာအသင်းက ယူရိုသန်း(၁၂၀) အထိရရှိရန် လိုလားနေကြောင်း သိရသည်။

ဂျော်အိုနေးဗက်စ် (၁၉ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ပေါ်တူဂီအသင်းနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သူဖြစ်ပြီး အလားအလာရှိသည့် လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသောကြောင့် ထိပ်သီးအသင်းများစွာ၏ စောင့်ကြည့်ခြင်းခံနေရသူဖြစ်သည်။

၎င်းကို ယခုနွေရာသီအပြောင်းအရွှေ့ကာလ၌ PSG အသင်းအပြင် မန်ယူအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ PSG အသင်းထံ ပြောင်းရွှေ့ရန် ပိုမိုဆန္ဒရှိနေကြောင်း သိရသည်။

PSG အသင်းသည် ဘာပေအပါအဝင် နာမည်ကျော် ထိပ်တန်းကစားသမားများကို ဆုံးရှုံးထားရသည့်အတွက် ပြန်လည်အားဖြည့်နိုင်ရန် ကြိုးပမ်းနေရာ ဂျော်အိုနေးဗက်စ်မှာ ၎င်းတို့၏ ပစ်မှတ်ကစားသမားများထဲမှ တစ်ဦးဖြစ်နေသည်။

သတင်းများအရ PSG အသင်းသည် ဂျော်အိုနေးဗက်စ်အတွက် ဘင်ဖီကာအသင်းထံ ကမ်းလှမ်းမှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။

PSG အသင်းသည် ဂျော်အိုနေးဗက်စ်အတွက် ယူရို(၇၅)သန်းဖြင့်တစ်ကြိမ်၊ ယူရိုသန်း(၉၀)ဖြင့်တစ်ကြိမ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျော်အိုနေးဗက်စ်၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ယူရိုသန်း(၅၀)ဝန်းကျင်သာရှိသော်လည်း ဘင်ဖီကာအသင်းက လျော်ကြေးစာချုပ်အတိုင်း ယူရိုသန်း (၁၂၀)ရရှိမှသာ လက်လွှတ်ဖွယ်ရှိကြောင်း သိရသည်။

ယခု PSG က တိုးမြှင့်ကမ်းလှမ်းမည့် ပြောင်းရွှေ့ကြေးပမာဏမှာ ယူရိုသန်း (၁၀၀)ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent