အင်္ဂလန်နည်းပြဖြစ်လာရန် အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာနှင့် တူဟယ်လ်တို့ ရေပန်းစား

အင်္ဂလန်နည်းပြဖြစ်လာရန် အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာနှင့် တူဟယ်လ်တို့ ရေပန်းစား
Photo: Guardian
Photo: Guardian
Published 16 July 2024

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရပြီးနောက် လက်ရှိ နည်းပြ ဆောက်ဂိတ်၏နေရာကို အစားဝင်မည့်သူအဖြစ် အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာနှင့် သောမတ်စ်တူဟယ်လ်တို့ ရေပန်းစားလာကြောင်း ဗြိတိန်မီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် လက်ရှိ နည်းပြ ဆောက်ဂိတ်၏ ဦးဆောင်မှုကို သဘောကျသည့်အတွက် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိနေသော်လည်း အင်္ဂလန်ပရိသတ်များကမူ အပြောင်းအလဲပြုလုပ်ရန် ဖိအားပေးနေကြသည်။

ထို့ကြောင့် ဆောက်ဂိတ်၏အနာဂတ် မရေရာတော့ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းနေရာ အစားဝင်မည့်နည်းပြအတွက် ရေပန်းစားမှုများ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းသည် ယခင်ကတည်းက FA တာဝန်ရှိသူများ သဘောကျသည့် နည်းပြတစ်ဦးဖြစ်သောကြောင့် အကယ်၍ ဆောက်ဂိတ် ရာထူးမှနုတ်ထွက်ခဲ့ပါက အင်္ဂလန်နည်းပြရာထူးအတွက် ဦးစားပေးရွေးချယ်ခံရမည့်သူဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။

ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်တို့မှာလည်း ပရိသတ်လက်ခံနိုင်ခြေအများဆုံးနည်းပြများဖြစ်ကြောင်း သိရသည်။

လမ်းပတ်နှင့် ဂျရတ်တို့မှာမူ ဖြစ်နိုင်ခြေနည်းပါးကြောင်း Guardian က သုံးသပ်ခဲ့သည်။

Most Read

Most Recent