ဒယ်လာဖွန်တေ ပုံဖော်ခဲ့တဲ့ စပိန်ရဲ့သမိုင်းသစ်

ဒယ်လာဖွန်တေ ပုံဖော်ခဲ့တဲ့ စပိန်ရဲ့သမိုင်းသစ်
Photo : AFP
Photo : AFP
Published 15 July 2024
Phoe Thar

ဘာလင်အိုလံပစ်ကွင်းထဲက ယူရို-၂၀၂၄ ဗိုလ်လုပွဲမိနစ် (၉၀)ဟာ ပရိသတ်ကိုရသစုံပေးခဲ့ပြီး အဆုံးသတ်မှာတော့ ပြိုင်ပွဲတစ်လျှောက်အတည် ငြိမ်ဆုံးပုံစံကိုပြသခဲ့တဲ့ စပိန်အသင်းဟာ ချန်ပီယံဆုကို အငြင်းပွားဖွယ်မရှိထိုက်ထိုက်တန်တန်ရယူသွားခဲ့တယ်။ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ချန်ပီယံဆုဆိုတဲ့ အခမ်းနားဆုံးသော မျှော်လင့်ချက်ကို ထမ်းပိုးထားခဲ့ရတဲ့ အင်္ဂလန်တို့ရဲ့ ဘင်သံတွေဟာ မရိုးနိုင်သောအစဉ်အလာတွေအတိုင်း တိတ်ဆိတ်ငြိမ်သက်ခဲ့ရတယ်။ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေနဲ့ အနာဂတ်သစ်ဆီချီတက်နေတဲ့အသင်း (၂)သင်းရဲ့ အားပြိုင်မှုဖြစ်လို့ ဗိုလ်လုပွဲ မစခင်ကတည်းက  ယူရိုချန်ပီယံဆုနဲ့မျိုးဆက်တစ်ခုမွေးဖွားခြင်းလို့ တင်စားခဲ့ကြပြီး ဒီအခွင့်အရေးကို စပိန်အသင်းက မိမိရရဖမ်းဆုပ်သွားခဲ့တယ်။

 

Most Read

Most Recent