ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အညံ့ဆုံးအသင်းတွင် စီရော်နယ်လ်ဒို ပါဝင်

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အညံ့ဆုံးအသင်းတွင် စီရော်နယ်လ်ဒို ပါဝင်
Photo : Getty Images
Photo : Getty Images
Published 15 July 2024

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် စပိန်သတင်းစာ Marca မှ ရွေးချယ်သည့် ယူ ရို-၂၀၂၄ ပြိုင်ပွဲ၏ အညံ့ဆုံးအသင်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး (၅)ပွဲ ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

၎င်းအနေဖြင့် ယူရိုပြိုင်ပွဲကို အကြိမ်အများဆုံး ယှဉ်ပြိုင်ခွင့်ရရှိသူ အဖြစ် (၆)ကြိမ်ဖြင့် စံချိန်တင်ထားခဲ့ပြီး ယခင်ပြိုင်ပွဲ(၅)ကြိမ်စလုံး၌ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဂိုးပေါက်ပျောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆလိုဗေးနီးယားနှင့်ပွဲတွင် ပယ်နယ်တီဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိသည့် ဖြစ်ရပ်လည်း ရှိခဲ့သဖြင့် Marca ၏ အညံ့ဆုံးအသင်း ရွေးချယ်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

Marca မှ ရွေးချယ်သည့် ယူရို-၂၀၂၄  ပြိုင်ပွဲ၏ အညံ့ဆုံးအသင်းတွင် ပါဝင်သူများမှာ ဂိုး - လီဗာကိုဗစ်(ခရိုအေးရှား)၊ နောက် - ဒီလော်ရန်ဇို(အီတလီ)၊ မန်စီနီ(အီတလီ)၊ ခရစ္စတန်ဆန်(ဒိန်းမတ်)၊ ဇင်ချန်ကို(ယူကရိန်း)၊ လယ် -မက်ဂင်း (စကော့တလန်)၊ မီလင်ကိုဗစ်ဆာဗစ် (ဆားဘီးယား)၊ ဆိုဘိုဆလိုင်း(ဟန်ဂေရီ)၊ ရှေ့ - ဗလာဟိုဗစ် (ဆားဘီးယား)၊ လူကာကူ(ဘယ်လ်ဂျီယံ)၊ စီရော်နယ်လ်ဒို(ပေါ်တူဂီ)တို့ဖြစ်သည်။

Most Read

Most Recent